သံရုံးသွားသည့်လမ်းခရီး မလုံခြံုသဖြင့် မလေးရှားရောက်မြန်မာအချို့ ပုန်းနေကြဆဲ

သံရုံးသွားသည့်လမ်းခရီး မလုံခြံုသဖြင့် မလေးရှားရောက်မြန်မာအချို့ ပုန်းနေကြဆဲ
by -
မဇ္စျိမ

နိုင်ငံကူးလက်မှတ်မရှိလျှင်ပင် မလေးရှားရောက် မြန်မာများ မိခင်နိုင်ငံသို့ပြန်ရန် မြန်မာသံရုံးက ထောက်ခံပေး နေကြောင်း အစိုးရကပြောထားသော်လည်း သံရုံးသို့သွားသည့် ထိုလမ်းခရီး မလုံခြံု၍ ပုန်းနေကြ သူများရှိနေ ကြောင်း မလေးရှားမှပြန်လာသူ ကိုဝေအောင်သိန်းကပြောသည်။

သံရုံးသို့လာသည့်မြန်မာများကို မလေးရှားရဲများကဖမ်းဆီးစစ်ဆေးကြပြီး နိုင်ငံကူး လက်မှတ်ရှိသူများ ကိုပြန်လွှတ်ပေးသော်လည်း မရှိသူ များကိုမူ ဖမ်းဆီးထောင်ချသ ဖြင့် သံရုံးသို့သွားရန်ပင် အခက်အခဲရှိနေ သည်ကို သူကရှင်းပြသည်။

ကိုဝေအောင်သိန်းသည် မလေးရှားမှ မြန်မာနိုင်ငံသို့ ဇွန် ၂၂ ရက်က ပြန်ရောက် လာသူဖြစ်ပြီး ၎င်းအပါအဝင် ကွာလာလမ်ပူ မြို့မှစက်ရုံတစ်ခုတွင် အလုပ်လုပ်သည့် မြန်မာ ခြောက်ဦးသည် အကြမ်းဖက်ခံခဲ့ရပြီး ဒဏ် ရာများရခဲ့ကြသဖြင့် လက်ရှိတွင် ရန်ကုန်ရှိ ဝိတိုရိယဆေးရုံ၌ ဆေးကုနေကြ သည်။

''အကြမ်းဖက်သူတွေရဲ့အန္တရာယ်လည်း နေရာအနှံ့ရှိနေတဲ့အတွက် မသွားရဲကြဘဲ ပုန်းနေရတဲ့ သူတွေအများ ကြီး ရှိပါတယ်''ဟု သူကဆိုသည်။

ကိုဝေအောင်သိန်းတို့အဖွဲ့သည် အကြမ်း ဖက်ခံရသည့် ဒဏ်ရာများကို ကုသရန် မလေးရှားတွင် ဆေးရုံတက်ခဲ့ရပြီး ထိုကာလ အတောအတွင်း ဆက်သွယ်လာကြသည့် မြန်မာများက ၎င်းတို့ကို ပြောကြားသည်များ သူကပြန်ပြောပြခြင်း ဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာနမှ ဒုညွှန်မှူး ဦးသက်နိုင်ဦးက ထိုသို့ သံရုံးသွားသည့် လမ်း ခရီးတွင် အဆင်မပြေပါက မလေးရှားရှိ မြန်မာသံရုံးကို တိုင်ကြားနိုင်သည်ဟု မဇ္ဈိမ ကိုပြောသည်။

''သံရုံးကတာဝန်ရှိသူတွေနဲ့ မလေးရှား အစိုးရနဲ့ပူပေါင်းပြီး ဖြေရှင်းပေးပါလိမ့်မယ်။ ဒီလိုပြဿနာမျိုးတွေ မဖြစ်ရအောင် ဒုဝန် ကြီးတွေသွားကတည်းက ညှိနှိုင်းခဲ့ပြီးသားပါ။ သံရုံးကအားလုံးဖြေရှင်းနေပါတယ်'' ဟု ရှင်း လင်းပြောကြားသည်။

ကိုဝေအောင်သိန်းသည် အကြမ်းဖက်ခံ ရမှုကြောင့် ဓားဒဏ်ရာရရှိခဲ့သလို ခြေထောက် လည်းကျိုးသွားခဲ့ရပြီး သူနှင့်အတူ အကြမ်း ဖက်ခံရသည့် ကိုခင်မောင်ဝင်း၊ ကိုထွန်းစိုး သိန်း၊ ကိုသန်းကျော်လှိုင်၊ ကိုအောင်နိုင်ဝင်း၊ ကိုအောင်မင်းဌေးတို့အားလုံးသည် ဒဏ်ရာ အများအပြားရရှိခဲ့သည်။ ဇွန် ၆ ရက်က သူ တို့အိပ်ပျော်နေစဉ် မျက်နှာဖုံးစွပ်လူတစ်စု က အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် မလေးရှားရှိ မြန်မာသံရုံး တွင် နိုင်ငံကူးလက်မှတ်မရှိသဖြင့် နိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက် (Certificate of Identity) လာရောက်လျှောက်ထားသူ ရဝဝ ဦးခန့်ရှိကြောင်း မလေးရှားမှ ပြန်လာသူများ က ပြောသည်။

မလေးရှားတွင်ဖြစ်ပွားခဲ့သော အကြမ်း ဖက်ခံရမှုများကြောင့် ပြန်လာကြသူ ၁၆၇ ဦး သည် ဇွန် ၁၅ ရက် နေ့လည်က ရန်ကုန်သို့ စတင်ပြန်ခဲ့ကြသည်။

ပဋိပက္ခများ စတင်ဖြစ်ပွားချိန် မေ ၂၉ ရက်မှ ဇွန် ၁၅ ရက်အထိ မလေးရှားမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသည့်မြန်မာ ဦးရေမှာ ၃၄ဝဝ ခန့်ရှိသည်ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လူဝင်မှုကြီး ကြပ်ရေးဌာန၏ စာရင်းဇယားများတွင် ဖော် ပြထားသည်။

Most read this week