အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များကို ကားအစီး ၈ဝဝ ခန့် တင်သွင်းခွင့်ပေး

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များကို ကားအစီး ၈ဝဝ ခန့် တင်သွင်းခွင့်ပေး
by -
မဇ္စျိမ

အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၃ ဖွဲ့ကို အစိုးရက ကား ရ၉၅ စီး တင်သွင်းခွင့် ပေးလိုက်
ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ စုံစမ်းရရှိသည်။

မွန်ပြည်နယ် အစိုးရရုံးသို့ တိုင်းရင်းသား လက်နက်ကိုင် ၁၃ ဖွဲ့ကို နယ်စပ်ဂိတ်ပေါက်များမှ တဆင့် တင်သွင်းခွင့်ပြု ရန် သမ္မတရုံးက ညွှန်ကြားထားသည်ဟု စုံစမ်းရရှိသည်။

သို့သော် အစိုးရက တင်သွင်းခွင့်ပေးသည့် မော်တော်ယာဉ် အရေအတွက်များအနက် မည်သည့်အဖွဲ့အစည်း က အရေအတွက်မည်မျှခွဲတမ်းရရှိမည်ကို မသိရှိကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ အရာရှိတစ်ဦးက
ပြောသည်။

ကားတင်သွင်းခွင့်ရရှိသည့် တိုင်းရင်းသားအဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ပြည်တွင်းဆက်ဆံရေး တာဝန်ခံ နိုင်တလညီက ၎င်းတို့ပါတီအနေဖြင့် အစိုးရနှင့် အပစ် ခတ်ရပ်စဲရေး ဆွေးနွေးစဉ်က မော်တော် ယာဉ် တင်သွင်းခွင့်ကို တောင်းဆိိုခဲ့သည်ဟု ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ''ကျွန်တော်တို့ မွန်ပြည်သစ်ပါတီကို မော်တော်ယာဉ် တင်သွင်းခွင့် ပေးမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ ခုထိ ကျွန်တော်တို့ဆီကို အသေးစိတ် အကြောင်းကြား လာတာတော့ မရှိသေးဘူး'' ဟုလည်း သူက ဆိုသည်။

ယခင် အပစ်အခတ် ရပ်စဲစဉ် ကာလကလည်း မွန်ပြည်သစ်ပါတီအတွက် အသုံးပြုရန် ကား ရ၅ စီးကို အစိုးရက တင်သွင်းခွင့် ပေးခဲ့ဖူးသည်ဟုလည်း သိရသည်။

ကားတင်သွင်းခွင့် ရရှိသည့် လက်နက်ကိုင်ပါတီများမှာ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်း အမျိုးသား အစည်းအရုံး (PNLO) အစရှိသည့် မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှု အောင်မြင်ထား သည့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်ကြသည်။

Most read this week