ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်

ရခိုင်လူမျိုးများ လူ့အခွင့်ရေးများ အပြည့်ဝရရှိရန် AHRDO ကူညီမည်
by -
မဇ္စျိမ

ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများ၏ လူ့အခွင့်ရေးနှင့် ပါတ်သက်၍ Organisation ရခိုင်လူ့အခွင့်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AHRDO) Arakan Human Rights and Development  မှ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ယင်းအဖွဲ့မှ အမှုဆောင် ဒါရိုက်တာ ဦးအောင်မင်းဦး က ပြောကြားသည်။

Rakhinese-Human-Right-2

ပြည်တွင်းတွင် စတင်အခြေစိုက် လှုပ်ရှားမည့် ရခိုင်လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ ့(AHRDO)နှင့် ရခိုင်အမျိုးသားအင်အားစုများ တွေ့ဆုံပွဲကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ရာ ဒါရိုက်တာ ဦးအောင်မင်းဦး က လုပ်ငန်းစဉ်များ ရှင်းပြစဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္စျိမ) ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်တို ့သဘာပတိ အဖြစ် တက်ရောက်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ လယ်သမားများ လယ်ယာမြေ သိမ်းဆည်းခံရခြင်း ၊ရွှေဓာတ်ငွေ့ ပိုက်လိုင်း ရပိုင်ခွင့်များနှင့် လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများအား ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီများ အစိုးရစီမံကိန်း တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ရသင့်သော အခွင့်ရေးများကို အပြည့်အဝ ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း HRDO ဒါရိုက်တာ ဦးအောင်မင်းဦး က မဇ္စျိမသို့ ပြောကြားသည်။

၎င်းက “ HRDO အနေနဲ့ လယ်မြေသိမ်းတာတွေ ကို အဓိကထားကူညီပေးသွားမှာပါ။ ရခိုင်ပြည်နယ်များ မြေပေါ်မြေအောက် သယံဇာတ တွေပေါတယ် ။ နောက်ပြီးအစိုးရ စိမံကိန်းတွေအတွက် သုသေတနပြု လုပ်မှုတွေ ကွင်းဆင်းပြီး လုပ်ဆောင်ပေးသွားမှာပါ " ဟု ဆက်လက်ရှင်းပြသည်။

 HRDO မှ ရခိုင်လူမျိုးများ၏ အခွင့်ရေးများ ရရှိရန်အတွက် ရခိုင်အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်နှင့် ချိတ်ဆက်ထားပြီ ဖြစ်သော်လည်း မည်ကဲ့သို့ လုပ်ကိုင်သွားမည်ကို မသိရှိရသေးကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က ဆိုသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဋ္ဌ ဦးအေးသာအောင် က “ လူ့အခွင့်ရေး က ရခိုင်ပြည်မှာတင် မဟုတ်ပါဘူး ။ မြန်မာပြည် အနှံ့မှာခံစားနေရကြတာ။ ချွတ်ခြံုကျနေတဲ့ ရခိုင်ပြည်နယ်အတွက် ဒိလို ကူညီပေးတာ ကောင်းပါတယ် " ဟု ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် လူ့အခွင့်ရေး နှင့် ပါတ်သက်ပြီး အပြည့်ဝ ရရှိရန်အတွက် ဥပဒေဘောင်ထဲမှ ဆောင်ရွက် သွားရန် လိုပြီး ပြည်နယ် တွင်နေထိုင်ကြ သော ပြည်သူ ပြည် သားများ တူညီစွာ လက်တွဲဆောင်ရွက် ရန်လို အပ်ကြောင်း ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က မှတ်ချက်ပြု ပြောကြားသည် ။

ရခိုင်လူ့အခွင့်ရေး နှင့် ဖွ့ံဖြိုးတိုးတက်ရေး အဖွဲ့ (AHRDO )ArakanHuman Rights and Development  Organisation ကို ရခိုင်ပြည်နယ်လုံးဆိုင် ရာ ကျောင်းသားများ နှင့် လူငယ်များဆိုင်ရာ အစည်းရုံးတို့မှ ဦးဆောင်၍ထိုင်း-မြန်မာ နယ်စပ်တွင် ၂၀၁၁ အောက်တိုဘာလတွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ် ကြောင်း AHRDO ကြေငြာချက် အရသိရှိရသည်။