ပြည်သူ့ တိုင်ကြားစာများ သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေး

ပြည်သူ့ တိုင်ကြားစာများ သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေး
by -
မဇ္ဈိမ

ပြည်သူ့လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြားစာများကို သက်ဝင်ရှင်သန်စွာ မဖြေရှင်းနိုင်သေးဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး ဥက္ကဌ သူရ ဦးအောင်ကိုက ပြောသည်။

၎င်းက “ပြည်သူ့လွှတ်တော်ကို တိုင်ကြားထားတဲ့ အမှုတမှုမှ သက်ဝင်စွာ ဖြေရှင်းနိုင်မှု မရှိသေးပါဘူး။ အဲဒါကြောင့်ပြည်သူက ပေးထားတဲ့ တာဝန်ကို မကြေမှာဆိုးပါတယ် ” ဟုပြောခဲ့သည်။

ဖေဖော်ဝါရီ ၂ရက်နေ့ UMFCCI  ပြုလုပ်သော ပြည်သူ့လွှတ်တော်  တရားစီရင်ရေး ဥပဒေရေးရာ ကော်မတီနှင့်
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ရှေ့နေများကွန်ရက် တို့၏ ဥပဒေရေးရာ ဆွေးနွေးပွဲ တွင် သူရဦးအောင်ကိုမှ
ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုလို သက်ဝင်စွာ မဖြေရှင်းနိုင်သေးသော်လည်း ပြည်သူ့လွှတ်တော်တွင် တိုင်ကြားထားသော တိုင်ကြားစာ အစောင်တထောင်ခန့်ကို ပြန်လည်စီစစ်ထားကြောင်း သူရ ဦးအောင်ကိုမှ ဆက်လက်ပြောကြားသည်။

လက်ရှိပြည်သူ့လွှတ်တော်တွင် ပြည်သူများမှ တိုင်ကြားထားသော တိုင်ကြားစာမှာ အစောင် ၃၀၀၀ခန့် ရှိပြီး အဆိုပါအမှုများကို လွှတ်တော်အရပ်ရပ်သို့ ပေးပို့ထားကာ စိစစ်မှုများ လုပ်ဆောင်လျက် ရှိကြောင်း သူရဦးအောင်ကိုမှ ပြောသည်။

“ ကျွန်တော်တို့ တာဝန်ထမ်းဆောင်သလောက် အရာမထင်သေးပါဘူး။ ပြည်သူ့လွှတ်တော်မှာတော့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း ရ၅ရာခိုင်နှုန်းလောက် လျှောက်နေပါပြီ ” ဟု လွှတ်တော် တရားစီရင်ရေး ဥက္ကဌမှ ပြောသည်။

မြန်မာ ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနနှင့် သက်ဆိုင်သည့် အဂတိလိုက်စားမှုများအား စစ်ဆေးမှုများ ပြုလုပ်နေ ပြီးပြည်သူ့လွှတ်တော်တွင် တိုင်ကြားစာများမှာ အဂတိလိုက်စားမှုနှင့် သက်ဆိုင်သော လဘ်ပေး လဘ်ယူမှုများ အများဆုံး ပါ၀င်ကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။

ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာသော ပြည်သူများ၏ တိုင်ကြားချက်များအား တရားစီရင်ရေးကော်မတီနှင့်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားပဒေစိုးမိုးရေး ကော်မတီ နှစ်ရပ်ပူးပေါင်းကာ စိစစ်ဖြေရှင်း မှုများ ပြုလုပ်နေသည်ဟု သူရဦးအောင်ကိုမှ ဆက်လက်ပြောကြားခဲ့သည်။

Most read this week