ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှုများလုပ်၍ သဘောတူညီချက်များ ရှိခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ဆောင်ရွက်ပေးရန် ပျက်ကွက်မှုများ ရှိနေသေး ကြောင်း အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများနှင့် အလုပ်သမားများက ပြောဆိုနေကြသည်။
လုပ်ငန်းခွင် သန့်ရှင်းသာယာရေးနှင့် အန္တရာယ်ကင်းရှင်းရေး၊ တရက်တာ အလုပ်ချိန်အတွက် လုပ်ခ ကျပ် ၃,၀၀၀ သတ်မှတ်ပေး ရေးနှင့် လစာနှုန်းထားများ သတ်မှတ်ပေးရေး အစရှိသည့် အကြောင်းများနှင့် ပတ်သက်၍ သြဂုတ်လ နှောင်းပိုင်းနှင့်စက်တင်္ဘာ လဆန်းပိုင်းများတွင် အလုပ်သမား ဦးစီးဋ္ဌာန တာဝန်ရှိသူများ ရှေ့မှောက်၌ အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းပြီး သဘောတူခဲ့ကြသည်။
“ညှိနှိုင်းတုန်းက သတ်မှတ်ထားတဲ့ လစာ ပေးဖို့ သဘောတူခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သတ်မှတ်လစာ ၉၂,၂၆၀ ကျပ် ဖြစ်ခဲ့ပေမယ့် လက်ရှိ အများဆုံးရရှိမှုက ကျပ် ရ၀,၀၀၀ ကျော်သာ ရှိနေတယ်” ဟု Luck Shoe ဖိနပ် စက်ရုံမှ ကျွမ်းကျင်အဆင့် အလုပ်သမား မသင်းသင်းချို က ပြောသည်။
ထို့အပြင် စက်ရုံထွက် စွန့်ပစ်ပစ္စည်းများကို အလွယ်တကူ မီးရှိုဖို့စေခိုင်းခြင်းများ ရှိနေပြီး ဖိနပ်စက်ရုံ ဖြစ်သည့်တွက် မီးလောင်ကျွမ်း ကူးစက်နိုင်ခြေများကြောင်း ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် အခြေခံ အလုပ်သမားတဦး၏ တနေ့ လုပ်အားခမှာ ၁၀ ဒေါ်လာခန့် ရှိသည့်အတွက် တနေ့ လုပ်အားခ ကျပ် ၃,၀၀၀ သတ်မှတ်ပေးရန် တောင်းဆိုမှုသည် များသည်ဟု မဆိုသာကြောင်း အလုပ်သမားအရေး တက်ကြွစွာ
ဆောင်ရွက်နေသူ ဦးဋ္ဌေး က ပြောသည်။
ထိုသို့ သဘောတူခဲ့သည့် အချက်များအား အလုပ်ရှင်များဘက်မှ လိုက်နာခြင်း မရှိသည့်အပေါ် တာဝန်ရှိသူများ ကလည်း တစုံတရာ အရေးယူ ဆောင်ရွက်မပေးဘဲ သမဂ္ဂများ ပေါ်ပေါက်လာသော်လည်း ညှိနှိုင်းချက်များအတိုင်း မလုပ်သည်ကို အရေးယူဆောင်ရွက်ရန် လိုသေးသည်ဟု ရှေ့နေလိုင်စင်လည်း အသိမ်းခံထားရသည့် ဦးဋ္ဌေး က ဆိုသည်။
အလုပ်သမား ဦးစီးဋ္ဌာနမှ ညွန်ကြားရေးမှုးချုုပ် ဦးဝင်းရှိန်ကမူ “အလုပ်သမားဝန်ကြီးဋ္ဌာနအနေနဲ ့၂၀၁၅ အထိ ဝန်ထမ်း များကို ၁,၂၃၀ ကျော်အထိ တိုးမြှင့်ခန် ထားမယ်။ ရုံးခွဲ ပေါင်း ၃၀၀ ကျော်ထိ ဖွင့်လှစ်ရန် ရည်ရွယ်ထားတယ်” ဟု ဆိုသည်။
အလုပ်သမားဘက်မှ လုပ်ချင်စိတ် ရှိမှသာ အချိန်ပို ခိုင်းစေနိုင်မည်ဖြစ်ပြီး မတရားခိုင်းစေနိုင်မှု ရှိပါက သက်ဆိုင်ရာ ဋ္ဌာနအား တိုင်ကြားနိုင်သလို မိဒီယာများအား မှန်မှန်ကန်ကန်ပြောပြပြီး အကူညီ ရယူရန် လိုအပ်သည်ဟု ဦးဝင်းရှိန် က ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်များအသင်းဝင် ဒေါက်တာခင်မောင်အေးကမူ ပြည်ပမှ ကုန်မှာယူသူ ရက်ချိန်းအတိုင်း ပေးပို့နိုင် ရန် အချိန်ပို ဆင်းနိုင်သည့် အလုပ်သမားများအား ဆင်းခွင့်ပေးထားပြီး မဆင်းနိုင်သူများကိိုလည်း ခွင့်ပြုထားကြောင်း စက်တင်္ဘာ လ ၆ ရက်နေ့ တွေ့ဆုံညှိနှိုင်းပွဲတွင် ပြောကြားသွားသည်။
အလုပ်သမား ဥပဒေမှာ အတည်ပြုပြီး ဖြစ်သော်လည်း ကောင်းကျိုးကို အလုပ်သမားများ မခံစားရသေးကြောင်း ၈၈ မျိုးဆက် ကျောင်းသား ကိုအောင်သူ က ပြောဆိုသွားသည်။