သမ္မတ ဦးသိန်းစိန်သည် မတ်လ ၃ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် မသေချာတော့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရသည်။
ဦးသိန်းစိန် အနေဖြင့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ မတက်ရောက်ဖြစ်တော့သော်လည်း အလည်အပတ်အနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်နိုင်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
“သမ္မတကြီးက ဒီမှာ ဧည့်သည်တွေများလို့ ထိုင်းနိုင်ငံကို သွားရောက်ဖို့တော့ သိပ်မကျိန်းသေတော့ဘူး။ ဒါပေမယ့် State Visit အနေနဲ့တော့ သွားကောင်း သွားနိုင်ပါတယ်။ ဖိုရမ် တက်ဖြစ် မတက်ဖြစ် မသေချာတော့ပါဘူး” ဟု အဆိုပါပုဂ္ဂိုလ်က မဇ္စျိမကို ပြောသည်။
မတ်လ ၃ဝ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန် မသေချာတော့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူ အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရ (ဓါတ်ပုံ မဇ္စျိမ)
သမ္မတ ဦးသိန်းစိန်သည် မေလ ၂၈ ရက်တွင် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းနှင့် ဇနီးတို့အား
နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် လက်ခံ တွေ့ဆုံခဲ့သည်။
မြန်မာသမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံသို့ လာရောက်ဖြစ်တော့မည် မဟုတ်ကြောင်း The Nation နှင့် Bangkok Post သတင်းစာတွင်လည်း ဖော်ပြထားသည်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ သမ္မတ ဦးသိန်းစိန် မတက်ရောက်ဖြစ်သော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ထိုင်းနိုင်ငံသို့ မေလ ၂၉ ရက် ညနေပိုင်းတွင် ထွက်ခွါမည်ဟု အဖွဲ့ချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အတည်ပြု ပြောကြားသည်။
ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေလ ၃၀ ရက်မှ ဇွန် ၁ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်းများစွာမှ ထိပ်တန်း စီးပွားရေးသမားများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ ပညာရှင် များ၊ သတင်းစာဆရာများ စုစုပေါင်း ၂,၅၀၀ ခန့် လာရောက်မည်ဟု သတင်း ထုတ်ပြန်ချက်များအရ သိရသည်။