အာရှဥပဒေအဖွဲ့ မြန်မာရှေ့နေများအရေး တောင်းဆို

အာရှဥပဒေအဖွဲ့ မြန်မာရှေ့နေများအရေး တောင်းဆို
by -
ကိုပေါက်

အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC က နိုင်ငံရေးအကြောင်းကြောင့် လိုင်စင်အသိမ်း ခံရသည့် မြန်မာရှေ့နေများအရေးနှင့်ပတ်သက် ၍ ပန်ကြားလွှာတစောင် ထုတ်ပြန်လိုက်သည်။

နယူးဒေလီ (မဇ္ဈိမ) ။        ။ အာရှ ဥပဒေရေးရာ ရင်းမြစ်အဖွဲ့ ALRC က နိုင်ငံရေးအကြောင်းကြောင့် လိုင်စင်အသိမ်းခံရသည့် မြန်မာရှေ့နေများအရေးနှင့်ပတ်သက်၍ ပန်ကြားလွှာတစောင်ထုတ်ပြန်လိုက် သည်။

သောကြာနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါပန်ကြားလွှာမှာ လိုင်စင်ရုတ်သိမ်းခံရသည့် မြန်မာရှေ့နေ ၃၂ ယောက်အရေး ဆောင်ရွက်ပေးကြရန် ကမ္ဘာတဝှန်းရှိ ဘားကောင်စီများသို့ဆော်သြထားခြင်းဖြစ် သည်။

“(ဒီရှေ့နေတွေဟာ) သူတို့ရဲ့နိုင်ငံရေးအမြင်ကို ရိုးရိုးလေးထုတ်ဖော်မိတာ၊ ဒါမှမဟုတ် အတိုက်အခံ နိုင်ငံရေးသမားတွေဘက် က လိုက်ပါဆောင်ရွက်ပေးတာထက်မပိုတဲ့ဆောင်ရွက်ချက်လေးတွေကြောင့် ကိုပဲ” သူတို့ရဲ့လိုင်စင်တွေ ပြန်လည်ရုတ်သိမ်းခံကြရခြင်းဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် ALRC မှ ညွှန်ကြားရေးမှူး Wong Kai Shing က ပြောသည်။

လိုင်စင်အရုတ်သိမ်းခံ ရှေ့နေများ၏ အခြေအနေအား ပြန်လည်သုံးသပ်ဖို့ရန်အတွက် ကမ္ဘာတဝှန်းမှ ဘားကောင်စီများအနေနှင့် မြန်မာ နိုင်ငံတော်တရားရုံးချုပ်သို့ စာရေးသားတောင်းဆိုကြဖို့ ALRC က ဆော်သြထားသည်။

ပန်ကြားလွှာပါ ရှေ့နေ ၃၂ ယောက်တွင် တရားရုံးချုပ်ရှေ့နေ ၂၅ ယောက်နှင့် အထက်တန်းရှေ့နေ ရ ယောက်တို့ဖြစ်သည်။

“ဒီ ၃၂ ယောက်အပြင် ဒီလို နိုင်ငံရေးအကြောင်းကြောင့် လိုင်စင်အရုတ်သိမ်းခံရတဲ့ ရှေ့နေတွေ အများကြီး ရှိနေမယ်လို့လည်း ယုံကြည်ပါတယ်။ အတော်များများဟာလည်း အကျဉ်းထောင်တွေထဲမှာ အကျခံခဲ့ရဖူးပါတယ်” ဟု Wong Kai Shing က ပြောသည်။

အဆိုပါ ပန်ကြားလွှာအား အပြည်ပြည်ဆိုင်ရာ ဘားအသင်း IBA ၊ အပြည်ပြည်ဆိုင်ရာ ဂျူရီကောင်စီ ICJ နှင့် ကမ္ဘာတဝှန်းရှိ ဘားကောင်စီတိုင်းသို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

ပန်ကြားလွှာအပြင် မြန်မာနိုင်ငံ တရားသူကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦးထံသို့လည်း အိတ်ဖွင့်ပေးစာတစောင်
ရေးသားပေးပို့ထားသည်။ ထိုစာတွင် “စာရင်းပါ ရှေ့နေများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန်နှင့် အခုလို အရေးကြီးတဲ့အချိန်ကာလမျိုးမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် သူတို့အနေနဲ့ ပါ၀င်စွမ်းဆောင်ခွင့်ပြရန်” တောင်းဆိုထားသည်။

ဒီဇင်္ဘာ ၁၃ ရက်နေ့ကလည်း မန္တလေးမြို့မှ ရှေ့နေ ဦးမြင့်သွင်နှင့် ဦးရွှေလှတို့ နှစ်ဦးအား လိုင်စင် သုံးနှစ် ရုတ်သိမ်းလိုက်ကြောင်း နေပြည်တော်ရှိ် တရားလွှတ်တော်ချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

၎င်းရှေ့နေ နှစ်ဦးလုံးမှာ အာဏာရှိ စီးပွားရေး လုပ်ငန်းများ သို့မဟုတ် အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များပိုင်ဆိုင်သည့် ကုမ္ပဏီများနှင့် ဖြစ်ပွားသော လယ်ယာမြေ သိမ်းဆည်းမှု ကိစ္စများတွင် တောင်သူ လယ်သမားများဘက်မှ ရှေ့နေ လိုက်ပါပေးသူများ ဖြစ်ကြသည်။