ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာ လက်ခံမည်ဟုဆို

ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာ လက်ခံမည်ဟုဆို
by -
ကိုပေါက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများ တွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာ ဒုက္ခသည် များအား ပြန်လည် လက်ခံမည်ဟု မြန်မာအစိုးရက သဘောတူလိုက်သည်ဟု The Daily Star သတင်းဌာန က ရေးသားထားသည်။ 

နယူးဒေလီ (မဇ္ဈိမ ) ။       ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြသော ရိုဟင်ဂျာ ဒုက္ခသည်များအား ပြန်လည်လက်ခံမည်ဟု မြန်မာအစိုးရက သဘောတူလိုက်သည်ဟု The Daily Star သတင်းဌာန က ရေးသားထားသည်။ 

တနင်္လာနေ့မှစ၍ မြန်မာနိုင်ငံတွင် သုံးရက်ကြာအလည်အပတ်ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဇီနာ Sheikh Hasina နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ အင်္ဂါနေ့က တွေ့ဆုံစဉ် သဘောတူညီမှု ရခဲ့ကြခြင်းဖြစ်သည်ဟု The Daily Star က ရေးသားထားသည်။

မကြာသေးမီက မြန်မာအာဏာပိုင်များဘက်မှ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညှိထားပြီးဖြစ်သည့် ဒုက္ခသည်များအား ပြန်လည် လက်ခံမည် ဖြစ်ပြီး ကောက်ဘဇားရှိ ဒုက္ခသည်စခန်းများတွင်ရိုဟင်ဂျာ ဒုက္ခသည် ၂၈,၀၀၀ ခန့် နေထိုင်ကြလိုသည်ဟု ဆိုသည်။

၎င်းဒုက္ခသည်များ ရှိနေခြင်းအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမှုရေး၊ ဘဏ္ဍာရေးနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စိန်ခေါ်မှုများ ဖန်တီးနေကြောင်း ရှိတ်ဟာဇီနာက ပြောသည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး နှစ်နာရီခွဲကြာ တွေ့ဆုံမှုအပြီး ရှိတ်ဟာဇီနာ၏ သတင်းရေးရာ အတွင်းဝန် Abul Kalam Azad က သတင်းထောက်များအား ပြောကြားရာတွင် ဒုက္ခသည်များ ပြန်ပို့ရေး ကိစ္စ စီစဉ်ဆောင်ရွက်ရန် မြန်မာ ကိုယ်စားလှယ် အဖွဲ့ တခု မကြာမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လာရောက်ရန်ရှိ သည်ဟု ထည့်သွင်းပြောကြားသွားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနှင့် ရေအားလျှပ်စစ် ထုတ်လုပ် လည်ပတ်ရေးတွင် ရင်းနှီးမြှုပ်နှံဖက် သော်လည်းကောင်း၊ အစုစပ်ဝင် အဖြစ် သော်လည်းကောင်း ဖြစ်လိုပြီး မြန်မာမှ စွမ်းအင် တိုက်ရိုက် ဝယ်ယူလိုသည့် ဆန္ဒရှိကြောင်းလည်း ရှိတ်ဟာဇီနာက ထုတ်ဖော်ပြောကြားခဲံသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုမှာ ရေအားလျှပ်စစ်နှင့် သဘာဝဓါတ်ငွေ့ နည်းပါးမှုကြောင့် အဟန့်အတား ဖြစ်နေ ရသဖြင့် မြန်မာဘက်မှ တင်သွင်းလိုကြောင်း တောင်းဆိုခဲ့သည်။ သို့သော် ဦးသိန်းစိန်က ယခုတွေ့ရှိနေရသော မြန်မာ့ သဘာဝဓါတ်ငွေ့များမှာ တရုတ်နိုင်ငံသို့ ရောင်းထားပြီးဖြစ်၍ အသစ်ထပ်မံတွေ့ရှိရပါက ဘင်္ဂလားဒေ့ရှ်အား ဦးစားပေးရောင်းချမည်ဟု ပြောဆိုခဲ့သည်။

နိုဝင်္ဘာ လကုန်ပိုင်းက မြန်မာတပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့အပြီး တပ်မတော်နှစ်ရပ် ချစ်ကြည်မှု တိုးမြှင့်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို အဓိကထားဆွေးနွေးခဲ့ ကြောင်း သိရသည်။

ဝန်ကြီးချုပ် မလာရောက်မီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဖရွတ်ခန်း Faruk Khan က အရင်ရောက်နှင့်ပြီး ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေးနှင့် ရောင်းဝယ်ရေးကိစ္စများကို မြန်မာ စွမ်းအင်ဝန်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးနှင့်ခဲ့သေး သည်။ သို့သော် သဘောတူညီချက် တစုံတရာ မရရှိခဲ့ပေ။

စီးပွားရေး အလားအလာကောင်းသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓါတ်ငွေ့သိုက်များအတွက် နှစ်နိုင်ငံ အကြား အငြင်းပွားနေသည်မှာ နှစ်ကြာရှည်ခဲ့ပြီဖြစ်ပြီး အငြင်းပွားမှုသည် မကြာသေးခင် နှစ်များအတွင်း ပိုမိုပြင်းထန်လာခဲ့ရာ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS)တွင် ရင်ဆိုင်နေရလျက် ရှိသည်။

Most read this week