ရန်ကုန် (မဇ္ဈိမ) ။ ။ လာမည့် နိုဝင်ဘာ ၁၄မှ ၁၉ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပမည့် ၁၉ ကြိမ် မြောက်၊ အရှေ့တောင် အာရှ နိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်း အဝေးပွဲသို့ အမေရိကန် သမ္မတ ဘာရက်အိုဘား မားနှင့် ရုရှသမ္မတ ဒီမီထရီ မက်ဗီဒက်တို့ တက် ရောက်မည် ဖြစ်ကြောင်း အာဆီယံအတွင်းရေး မှူးချုပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ဘာလီတွင်ပင် ပြုလုပ်ခဲ့သည့် အာဆီယံ ဒေသတွင်း ဖိုရမ်တွင်အမေရိ ကန်၏နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် တက်ရောက်ခဲ့ကာ၊ ယခု ထိပ်သီးအစည်း အဝေးတွင်မူ သမ္မတအိုဘားမား ကိုယ်တိုင် လာရောက်မည် ဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှလည်း အဆိုပါ ထိပ်သီးညီလာခံသို့ သမ္မတ ဦးသိန်းစိန်တက် ရောက်မည်ဟု နေပြည်တော်ရှိ သတင်း ရပ်ကွက်များက ပြောသည်။
မြန်မာနိုင်ငံသည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရန် အသင့်ဖြစ်နေရာ အဆိုပါ ထိပ်သီးညီလာခံတွင် အလှည့်ကျ ဥက္ကဋ္ဌရာထူးနှင့် ပတ်သတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက် အပြီးသတ် ချမည် ဟုလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြီးခဲ့သည့် သြဂုတ်လ အတွင်းက တရားဝင် ပြောကြားခဲ့သည်။
ထိုထိပ်သီး အစည်းအဝေး မတိုင်ခင် လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာမာတီနာတာလီဂါဝါ ခေါင်းဆောင်သည့် သံအဖွဲ့ အောက်တိုဘာလ အတွင်းမြန်မာနိင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ရှိနေသည်။