နိုင်ငံသား အမည်ခံ ပြည်ပ ရင်းနှီးမြှုပ်နှံှံမှုများ တရားဝင် အသွင်ပြောင်းရမည်

နိုင်ငံသား အမည်ခံ ပြည်ပ ရင်းနှီးမြှုပ်နှံှံမှုများ တရားဝင် အသွင်ပြောင်းရမည်
by -
ကျော်ခ

ချင်းမိ်ုင် (မဇ္ဈိမ) ။       ။ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံ သူများက မြန်မာနိုင်ငံသားများကို အမည်ခံစေကာ ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို တရားဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဖြစ် ပြောင်းလဲ လုပ်ကိုင် ရန် လိုအပ်လာပြီ ဖြစ်ကြောင်း မြန်မာ အစိုးရက သတိပေး ပြောဆိုလိုက်သည်။

၁၉၈၈ ခုနှစ်မှစ၍ ယနေ့အထိ နှစ်ပေါင်း ၂ဝ ကျော်ကာလ အတွင်း ယင်းသို့ အမည်ခံပြုလုပ်ထားသည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို တရားဝင် အသွင်ပြောင်းနိုင်ရေး အတွက်  လိုအပ်သော ဥပဒေပြင်ဆင်မှုများ ပြုလုပ်နေကြောင်းနှင့် အသွင်ပြောင်းရန် မက်လုံးပေးမှုများ ရှိမည်ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးအောင်နိုင်ဦး က ပြောသည်။

“ဆွဲဆောင်မှုကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံံှမှု ဥပဒေကို လုပ်သာကိုင်သာ ရှိအောင် လိုအပ်သလို အားနည်း ချက်တွေ ကို ပြင်ဆင် ပေးမယ်။ အခြေအနေကောင်း တရပ်ကို ဖန်တီးပေးမယ်။ ဥပဒေကိုလည်းပြင်ဆင် နေပါတယ်။ မကြာခင် ထွက်လာ တော့မှာပါ။ အဲဒီအခါကျရင် အမည်ခံရင်းနှီးမြှုပ်နှံတဲ့ဟာတွေကနိုင်ငံခြား သားရင်းနှီးမြှုပ်နှံမှုအဖြစ် တရားဝင် တိုက်ရိုက် ပြောင်းလုပ် ရတော့မှာပေါ့” ဟု ဦးအောင်နိုင်ဦး ကမဇ္စျိမ ကိုပြောသည်။

မြန်မာနိုင်ငံတွင်း အမည်ခံ ရင်းနှီးမြှုပ်နှံှံမှု ပြုလုပ်နေကြသည့် အရေ အတွက် မည်မျှရှိသည် ကိုမူ ၎င်းက ထုတ်ဖေါ် ပြောဆိုခြင်း မရှိပေ။

နိုင်ငံသားအမည်ခံ ရင်းနှီးမြှုပ်နှံမှုများသည် အနာဂါတ်ကာလတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို ထိခိုက်ရုံ မက နိုင်ငံ၏ အကျိုးစီးပွားကိုလည်း ထိခိုက်စေနိုင်သဖြင့် ယခုလို ပြောင်းလဲရန် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ယင်းသတိပေးချက်ကို စက်တင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့ UMFCCI ရုံးတွင် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းရှင် များအား ခေါ်ယူတွေ့ဆုံစဉ် ပြောကြားခဲ့ပြီး ဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံှံမှု အားနည်းခြင်း၊ အမည်ခံ ရင်းနှီးမြှုပ်နှံှံမှုများ ပြုလုပ်ခြင်းမှာ ယခုလက်ရှိ ကျင့်သုံးနေသော ရင်းနှီးမြှုပ်နှံှံမှု ဥပဒေဟောင်းတွင်ပါရှိသည့် အမေရိကန် ၁ ဒေါ်လာလျင် မြန်မာငွေ၆ ကျပ်ဖြင့် လဲလှယ်ရသည့် အချက်ကြောင့် ဖြစ်သလို လွတ်လပ်စွာလုပ်ပိုင်ခွင့်များကို ကန့်သတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း UMFCCI ဒုတိယ ဥက္ကဌ ဦးလှမောင်ရွှေ က ပြောသည်။

 “သူတို့အနေနဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံခွင့်မှာ တဒေါ်လာကို ၆ ကျပ်နဲ့ လဲရတာက အဓိက တားဆီးမှု ဖြစ်တာပေါ့ဗျာ။ အခုဟာက တချို့ ရင်းနှီးမြှုပ်နှံှံမှုတွေကို နဂိုကတိပေးခဲ့တာတချို့ကိုမလုပ်ပေးခဲ့နိုင်တာ ကလည်း ဒုတိယ အားနည်းချက်ပေါ့ဗျာ။ အကန့်သတ်တွေရှိတယ်ဗျ။ ဥပမာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံှံမှုလာ တဲ့အတွက် ဒါကိုပဲသွင်းလို့ ရမယ်တို့၊ ဘီယာပဲလုပ်လို့ရမယ်တို့ ဆိုတော့ မြန်မာကုမ္ပတွေနဲ့ ချိတ်လို့ မရနိုင်ဘူးဗျ။ ဒါတွေပြင်လိုက်ရင်တော့ကောင်းသွားမှာပါ” ဟု ဦးလှမောင်ရွှေ က မဇ္စျိမကို ပြောသည်။

ယင်းအချက်များကို ပြင်ဆင်ပေး၍ နိုင်ငံခြားကုမ္ပဏီများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးခွင့်ပေးခဲ့မည်ဆို လျှင်နိုင်ငံခြား ရင်းနှီး မြှုပ်နှံှံမှုများ တိုးလာမည်ဖြစ်သလို၊ မြန်မာနိုင်ငံအတွက် နည်းပညာများ၊ ပို့ကုန်များ တိုးမြင့် လာနိုင်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာနိုင်မည်ဖြစ်ကြောင်းသူကဆက်ပြော သည်။

ဦးအောင်နိုင်ဦး ကမူ ဥပဒေဟောင်း ထဲတွင် ပြဌာန်းထားသည့် တဒေါ်လာလျင် မြန်မာငွေ ၆ ကျပ်ကျော်နှုန်း ဖြင့် လဲလှယ်ရသည့် ကိစ္စရပ်များကိုလည်း ပြင်ဆင် ပယ်ဖျက်သည့် အမိန့်ကြေညာစာများ မကြာမီထုတ်ပြန် ပေး သွားမည်ဟု ပြောသည်။

ယခုလက်ရှိ အသုံးပြုလျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေဟောင်းကို ခေတ်ကာလနှင့် ဆီလျော်အောင်
ပြင်ဆင်ကာ လောလောဆယ် ကျင်းပလျက်ရှိသည့် လွှတ်တော်တွင် ဥပဒေသစ် အဖြစ် တင်သွင်း ပြဌာန်းရန် အလားအလာ ရှိကြောင်းလည်း ပြောသည်။

ထို့အပြင် ယခင်က ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံ လိုသူများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရာတွင် လိုအပ်သည့် မြေယာများကို ငှားရမ်းသောအခါ အစိုးရထံမှသာ ငှားရမ်း အသုံးပြုခွင့် ရှိသော်လည်းအနာဂတ် တွင် ပုဂ္ဂလိက မြေများကိုပါ ငှားရမ်း အသုံးပြုခွင့် ပေးရန်ရှိကြောင်း၊ ငွေကြေး လဲလှယ်ရာတွင် ဖြေလျှော့မှုများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောသည်။

Most read this week