ရန်ကုန် (မဇ္စျိမ) ။ ။ နေပြည်တော်နှင့် ရန်ကုန်ရှိ ကျပ် ၁၅ သိန်းတန်နှင့် ၅ သိန်းတန် GSM ဖုန်းများအား ဇွန် ၂၁ ရက်မှစ၍အင်တာ နက် တပ်ဆင်အသုံးပြုခွင့် ပြုခဲ့သော်လည်း ဇူလိုင် ၁ ရက်တွင် ပြန်လည်ရပ်ဆိုင်းလိုက် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြေညာသည်။
‘‘လျှောက်လွှာတွေ ပုံနေပြီ၊ ဒါကြောင့်ရပ်တာပါ။ ယာယီဖြစ်ဖို့ များပါတယ်။ ကျနော်တို့ ဘယ်တော့ပြန် လက်ခံမယ် ဆိုတာကို ပြန်ကြေညာပါ့မယ်’’ ဟု ယင်းလုပ်ငန်းမှ အရာထမ်းတဦးက ပြောသည်။
အင်တာနက် တပ်ဆင်ပေးသော ဝန်ဆောင်မှုများကို GSM ဖုန်းများ ချပေးခွင့် ရရှိသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ၏ E-Lite ကုမ္ပဏီ၊ ရတနာပုံ တယ်လီပို့ ကုမ္ပဏီနှင့် Asia Mega Link တို့က ဆောင်ရွက်ပေးခဲ့သည်။
၅ သိန်းတန် GSM ဖုန်းကတ်များကို ကျပ် ၁ သောင်းသွင်းရကာ အင်တာနက်ကတ် ပြောင်းထုတ်ပေးသည်။ ၁၅ သိန်းတန် ဖုန်းများအတွက်မူ ရွှေဂုံတိုင်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၌ လျှောက်ထားရကာ တပ်ဆင်ခအဖြစ် ကျပ် ၁ သောင်း ပေးသွင်းရသည်။
အင်တာနက် အသုံးပြုခအဖြစ် တမိနစ်လျှင် ၄ ကျပ်နှုန်း သတ်မှတ်ခဲ့သည်။