ဦးသိန်းညွန့်ကို တသီးပုဂ္ဂလအဖြစ် သတ်မှတ်ဟုဆို

ဦးသိန်းညွန့်ကို တသီးပုဂ္ဂလအဖြစ် သတ်မှတ်ဟုဆို
by -
မျိုးသန့်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း သင်္ကန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ်ဦးသိန်းညွန့် ကို တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကသတ် မှတ်လိုက်သည်ဟု သူ၏ ပါတီဟောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDFမှ နိုင်ငံရေးဦးဆောင် ကော်မတီဝင် ဦးခင်မောင်ဆွေက ပြောသည်။

utheinnyuntပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးသိန်းညွန့်ကို NDF မှထုတ်ပယ်ခြင်းကိုလက်ခံ လိုက်ပြီး တသီးပုဂ္ဂလအဖြစ်အတည်ပြုပေးလိုက် ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့သည်ဟု ဦးခင်မောင်ဆွေက ပြောခြင်းဖြစ်သည်။

ကော်မရှင် ဥက္ကဋ္ဌမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ မေလ ၃၁ရက်နေ့ရက်စွဲဖြင့်ပေးပို့ထားသော စာကို ရန်ကုန်တိုင်း ကော်မရှင်ထံ လိပ်မူထားပြီး ကာယကံရှင်များဖြစ်သော အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ နှင့် ဦးသိန်းညွန့် တို့ကို လည်း မိတ္တူ ပေးပို့ထားသည်ဟု ဆိုသည်။

သို့သော်လည်း ယခုသတင်းပေးပို့ချိန်အထိ  ကော်မရှင်၏ ဆုံးဖြတ်ချက်စာကို ဦးသိန်းညွန့်အနေဖြင့် လက်ခံရရှိခြင်း မရှိသေးဟုဆိုကာ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်မှုဟု တုံ့ပြန်လိုက်သည်။

“ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ကို ကျနော် နာခံမယ် ဒါပေမယ့် ကျနော့်ဆီတော့ အခုချိန်အထိ ကော်မရှင်က မိတ္တူ မပေးဘူး။ ဒီကိစ္စ ကျနော် ဘာမှမသိဘူး။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိအလင်း မကြေညာသေးတဲ့ အချိန်မှာ အခုလို ပြောတာဟာ ကျနော့်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်”ဟု ဦးသိန်းညွန့်မှ မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်လိုသူများက အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နှုတ်ထွက်ကာ NDF ကို တည်ထောင်အပြီး လေးလစွန်းသည့်အခါ ပါတီဘဏ္ဍာရေးကိစ္စကို မီဒီယာများသို့ တာဝန်မဲ့ ပြောဆိုသည်ဆိုသော စွပ်စွဲချက်ဖြင့် ဦးသိန်းညွန့်ကို ဗဟိုကော်မတီက ထုတ်ပယ်မှု ဖြစ်ပွားခဲ့သည်။

ဦးသိန်းညွန့်က လက်မခံဘဲ NDF အမည်ကို ဆက်လက်သုံးကာ ရွေးကောက်ပွဲဝင်ရာ ရွေးချယ်ခံရပြန်သည်။ ပါတီတွင်း အစုကွဲသလို ဖြစ်နေရာက ရွေးကောက်ပွဲ ကော်မရှင်တွင် အဆုံးဖြတ်တောင်းခံခြင်း ဖြစ်သည်။

တချိန်တည်းမှာပင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အနိုင်ရခဲ့ဖူးသူ ဦးသိန်းညွန့်က ရန်ကုန်တိုင်းဒေသ ကြီး လွှတ််တော် အမတ်များ ဖြစ်သည့် ဦးကျော်၊ ဒေါ်စမ်းစမ်းမြင့်နှင့် အမျိုးသားလွှတ်တော် အမတ် ဦးဖုန်းမြင့်အောင် ပြည်သူ့လွှတ်တော် အမတ် ဦးကြည့်မြင့်တို့ဖြင့် မဟာမိတ်ဖွဲ့ကာ သင်္ကန်းကျွန်း လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သည့် အဖွဲ့ဟု ဖွဲ့စည်းထားသည်။