ဆင်းရဲမွဲတေမှုဖိုရမ် မီဒီယာများ ဆွေးနွေးခွင့်ရ

ဆင်းရဲမွဲတေမှုဖိုရမ် မီဒီယာများ ဆွေးနွေးခွင့်ရ
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။     ။ သမ္မတကိုယ်တိုင်တက်ေ ရာက်ကာ မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်ခဲ့သော ဆင်းရဲမွဲတေမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲသို့ ပြည်တွင်းဂျာနယ်များမှ တာဝန်ရှိသူ ၁၂ ဦး တက်ရောက်ဆွေးနွေးခွင့် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်း အတွင်းရေးမှူး ဦးကိုကို (စက်မှု) က ပြောသည်။

ယခုလ ၂ဝ ရက်မှ ၂၂ ရက်နေ့ထိ နေပြည်တော်တွင် ၃ ရက်ကြာ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ ပြည်တွင်းဂျာနယ်များမှ အယ်ဒီတာချုပ်၊ လက်ထောက်အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ စသည့် တာဝန်ရှိသူများ ပါဝင်ဆွေးနွေးရန် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

forum-on-poverty-1“ကျနော်တို့က သတင်းယူဖို့ တခုတည်း မဟုတ်ဘူး။ ဒီဆွေးနွေးပွဲမှာ ဝင်ရောက်ဆွေးနွေးရတဲ့ Participate အနေနဲ့ တက်ရတယ်။ သတင်းယူလို့ မရဘူးလားဆိုတော့ သတင်းထောက်ပါရင်တော့ သတင်းပါတာပေါ့။ ဒါပေမဲ့ သတင်းယူတာ မဟုတ်ဘဲ၊ အလုပ်ရုံ ဆွေးနွေးပွဲ အသိပညာတွေ ဖလှယ်ခွင့်ရတာပါပဲ” ဟု ဦးကိုကို (စက်မှု) က မဇ္စျိမကို ပြောသည်။

“ပြည်တွင်းက လူတွေက Participate ပါဝင်ဖို့ ဖိတ်တာ။ နိုင်ငံခြား သတင်းထောက်တွေက သတင်းယူဖို့ မဖိတ် တာက နိုင်ငံခြားသတင်းထောက်နဲ့ သက်ဆိုင်ရာ အဖွဲ့တွေနဲ့ ကြားထဲမှာရှိတဲ့ ကိစ္စပဲ ဖြစ်လိမ့်မယ်။ ကျနော့်အနေနဲ့ ဘာမှ မှတ်ချက်မပေးချင်ဘူး” ဟု သူက ဆိုသည်။

ယခုလ ၂ဝ ရက်နေ့ထုတ် မဇ္စျိမသတင်းတွင် ရန်ကုန်အခြေစိုက် မြန်မာနှင့် နိုင်ငံခြား သတင်းဌာနများမှသတင်း သမားများ အားလုံးကို ဆွေးနွေးပွဲ သတင်းယူခွင့် ပိတ်ပင်ခဲ့သည်ဟူ၍ မှားယွင်းစွာ ဖော်ပြခဲ့သည်။

အမှန်က မေလ ၁၈ ရက်နေ့တွင် နိုင်ငံခြားသတင်းထောက်အဖွဲ့မှ ၄ ဦး၊ ပြည်တွင်း ဂျာနယ်တိုက်များမှ ၁၂ ဦး စုစုပေါင်း ၁၆ ဦးကို ကန့်သတ်ဖိတ်ခေါ်ခဲ့ပြီး၊ နောက်တရက် ညနေပိုင်းတွင် နိုင်ငံခြားသတင်းထောက် ၄ ဦးကိုသာ အထက်အမိန့်အရ ပြန်လည်ဖျက်သိမ်းသည်ဟု အကြောင်းကြားခဲ့ခြင်းသာ ဖြစ်သည်။

Flower News ၊ 7 Day News ၊ Weekly Eleven News၊ Modern Time၊ မြန်မာတိုင်းမ်၊ မော်ဒန်တိုင်းမ်၊ ကုမုဒြာ စသည့် ဂျာနယ်များမှ အယ်ဒီတာချုပ၊် လက်ထောက်အယ်ဒီတာများမှာ ဆွေးနွေးပွဲတက်ရောက်နိုင် ခဲ့ကာ ပါဝင်ဆွေးနွေးခွင့်လည်း ရရှိခဲ့ခြင်း ဖြစ်သည်။ 

ဆွေးနွေးပွဲ ပထမနေ့တွင် သမ္မတ ဦးသိန်းစိန်နှင့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ခဲ့ပြီး၊ဒုတိယ နေ့တွင် ဒုသမ္မတ ဦးသူရတင်အောင်မြင့်ဦး တက်ရောက်ခဲ့ကြောင်းနှင့် စာတမ်းပေါင်း ၂၀ ကျော်ဖတ်ကြားခဲ့ကြ ကြောင်း ဦးကိုကိုက ပြောပြသည်။

forum-on-poverty-2
“အလုပ်ရုံဆွေးနွေးပွဲက နိုင်ငံတော်က ထိပ်တန်းတာဝန်ရှိတဲ့ လူတွေကိုယ်၌ စိတ်ဝင်တစား ရှိတာကို ပြတယ်။  ဆွေးနွေးမှုကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ပွဲပဲ။ ဒီလိုမျိုးဆွေးနွေးမှု ကျနော့်သက်တမ်းမှာ တခါမှ မမြင်ဖူသေးဘူး” ဟု သူက ဆိုသည်။

ထို့ပြင် ဆွေးနွေးပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ စီးပွားရေးဆိုင်ရာ ဝန်ကြီးများ၊ စီးပွားရေးပညာရှင်များ၊ မီဒီယာသမားများ၊ ပြည်တွင်း NGO အဖွဲ့အစည်းများ တက်ရောက်ခဲ့ရာ စုစုပေါင်း ဦးရေ ၂၀၀ ကျော်သည်။

မြန်မာနိုင်ငံ လူဦးရေ၏ ရဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ပြီး ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှ ဆင်းရဲနွမ်းပါးမှု လျော့ကျလာမည်ဟု သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသူ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်က
 မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျော့ကျရေးလမ်းပြ စာတမ်း၊ စီးပွားရေးပညာရှင် ဦးဆက်အောင်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် စီးပွားရေးတိုးတက်မှုတွင် တွေ့ရှိရသော အသိအမြင် အားနည်းချက်များနှင့် ပြင်ဆင်သင့်သည့် အချက်များ၊ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်က ဘက်စုံစိုက်ပျိုးရေး၊မွေးမြူရေးနှင့် အလေအလွင့်များ ပြန်လည်အသုံးချရေး စသည့် စာတမ်းများ ဖတ်ကြားတင်ပြခဲ့ကြောင်း Weekly Eleven အွန်လိုင်းသတင်းက ဖော်ပြခဲ့သည်။

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ဒေါ်လီကျော်က တောင်သူစီးပွား တွက်ခြေကိုက်ရေးနှင့် လယ်ယာကဏ္ဍ မြှုပ်နှံမှု တိုးမြှင့်ရေး စာတမ်းကို ဖတ်ကြားခဲ့သည်ဟုလည်း ဆိုထားသည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်း ဂျာနယ် အယ်ဒီတာအချို့လည်း ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Most read this week