ဒန်ကလေအမှု မေလ ၆ ရက် ရုံးချိန်းရွှေ့

ဒန်ကလေအမှု မေလ ၆ ရက် ရုံးချိန်းရွှေ့
by -
မဇ္ဈိမသတင်းဌာန

ရန်ကုန် (မဇ္စျိမ) ။      ။ တရားလိုများလာရောက် ခြင်း မရှိသဖြင့် သြစတြေးလျနိုင်ငံသား မြန်မာတိုင်းမ် အမှုဆောင်အရာရှိချုပ်ဟောင်း မစ္စတာ ရော့စ် ဒန်ကလေအမှုကို ကမာရွတ်မြို့နယ် တရားရုံးက မေလ ၆ရက်နေ့သို့ထပ်မံချိန်းဆိုလိုက် သည်။

ဗုဒ္ဓဟူးနေ့ တရားခွင်တွင် အစစ်ဆေးခံမည့် မခိုင်ဇာအောင်နှင့် အခြားအစိုးရသက်သေတဦး ခရီးလွန်နေ၍ လာရောက်နိုင်ခြင်း မရှိကြောင်း တရားလိုရှေ့နေက မြို့နယ်တရားသူကြီးရုံးသို့ တင်သွင်းပြီးနောက် ရုံးချိန်း
ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

dankelay3ssယနေ့ရုံးချိန်းသို့ မြန်မာတိုင်းမ် ဝန်ထမ်းများ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အချို့ လာရောက်ခဲ့သည်။

လူဝင်မှု ကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာအောင်ကို နာကျင်အောင်ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့် ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။

အာမခံရရှိထားသည့် မစ္စတာ ရော့စ်ဒန်ကလေမှာ မြန်မာတိုင်းမ်၏ မန်နေဂျင်း ဒါရိုက်တာ ရာထူးဖြင့် ပြန်လည်၍ တာဝန်ထမ်းဆောင်နေသည်။

အမှုကို မေလ ၆ ရက် နေ့လည် ၂ နာရီခွဲတွင် စစ်ဆေးမည်ဟု တရားရုံးက သတ်မှတ်သည်။