နယူးဒေလီ ။ ။ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဖူကူရှီးမားဒေသအနီး၌ ကြာသပတေးနေ့ ည ၁၁ နာရီ ၃၂ မိနစ်တွင် ရစ်ချက်တာစကေး ရ.၁ ပြင်း အားရှိ ငလျင်တရပ် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း မြို့တော်တိုကျိုရှိ မြန်မာများက ပြောသည်။
“ဟိုတနေ့ လှုပ်သွားတဲ့ နေရာမှာပဲ။ ဘာမှတော့ အထွေအထူး မရှိသေးဘူး။ ဓာတ်ပေါင်းဖိုတွေရှိတဲ့ နေရာမှာတော့ အကုန်လုံး ပြဿနာ မရှိဘူး၊ အသေကြေ ဒဏ်ရာရတာလည်း မရှိသေးဘူးလို့ကြေညာ သွားတယ်။ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိဘူး။ ရုပ်မြင်သံကြားမှာ ထပ်ပြီး သတင်းထုတ်ပြန်မယ်လို့ ဂျပန်ဝန်ကြီးချုပ်က သတင်းစာ ရှင်းလင်းပွဲဲမှာ ပြောသွားတယ်” ဟု ဒေါက်တာမင်းညိုက မဇ္စျိမကို ပြောသည်။
ကိုထွန်းဝေကလည်း “အဲဒီနေရာမှာ ဟိုက်ဝေးကားလမ်းတွေကို ပိတ်ထားလိုက်တယ်လို့ သတင်းလာတယ်။ မီးတွေအားလုံး ဖြတ်ထားတယ်၊ ဂက်စ်တွေ ပိတ်ထားတယ်တဲ့။ ဇီးရိုး ရုပ်မြင်သံကြားလိုင်းကသတင်းကြေညာ ချိန်မှာ တီဗီတွေ ပျက်သွားပြီးတော့ ပြိုလဲပျက်စီးတဲ့ တီဗီသတင်းဋ္ဌာနရဲ့ နေရာကို ပြသထားတယ်” ဟု ပြောသည်။
သေကြေပျက်စီးမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ချက်တာစကေး ၈.၉ ငလျင်နှင့်နောက်ဆက် တွဲ ဆူနာမီ ရေလှိုင်းကြောင့် ဂျပန်နိုင်ငံတွင် လူ ၃ သောင်းခန့် သေကြေပျောက်ဆုံးခဲ့ကာ၊ ကြီးမားသည့်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။