မတ်လကုန်အထိ လေပြင်းတိုက်နိုင်

မတ်လကုန်အထိ လေပြင်းတိုက်နိုင်
by -
ကျော်ခ

တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်အထိ ပြင်းအားရှိ လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများပါ မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင်အထိ ပြင်းအားရှိ လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများပါ မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက အင်္ဂါနေ့က ထုတ်ပြန်ထားသည်။

: http://www.tunlwin.com)အနောက်တောင် မုတ်သုံရာသီ မကျရောက်မီအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ မွန်းလွဲနှင့် ညနေပိုင်းတွင် မိုးတိမ်တောင်များ ဖြစ်ပေါ်ပြီး၊ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတလျှောက် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း စသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ဟု ထုတ်ပြန်ခြင်း ဖြစ်သည်။  

မတ်လ ၁၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးထိမှန်သဖြင့် ရန်ကုန်တိုင်း သန်လျင်မြို့ ကုလားဝဲရွာနေ ဒေါ်ဝေဝေ သေဆုံးကြောင်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။

ထို့အပြင် ထိုနေ့ လေပြင်းကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် ၁၅ဝ ကျော် ပြိုကျပျက်စီးကာ လူဦးရေ ရ၆ဝ ကျော် အိုးအိမ်မဲ့ဖြစ်ကြောင်းနှင့် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် သရက်ချောင်းရွာ၌ အိမ်ခြေ ၂ဝ ပျက်စီးဆုံးရှုံးကြောင်းပါ ဖော်ပြထားသည်။

မြန်မာရာသီဥတု စောင့်ကြည့်လေ့လာရေးအဖွဲ့ Myanmar Climate Change Watch - MCCW မှ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း မိုးကြိုးထိသဖြင့် တလအတွင်း သေဆုံးသူ ၃ ဦး ရှိပြီဟု ပြောသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လာနီညာကြောင့် မိုးသက်လေပြင်းများ ဖြစ်ပေါ်ရသည်ဟု ဆိုသည်။

ညနေခင်းပိုင်းတွင် စိုက်ဆင်းလေပြင်းများ တိုက်ခတ်နိုင်သဖြင့် ရေကြောင်း ခရီးစဉ်များ အနေဖြင့် သတိပြုရန်လည်း သူက သတိပေးသည်။

ဦးထွန်းလွင်သည် မိုးလေဝသနှင့် ဇလဗေဒ အစိုးရဌာနမှ အငြိမ်းစား ယူခဲ့ပြီး၊ သူပါဝင်သည့် MCCW ၏ ဝက်ဘ်ဆိုဒ်က ထူးခြားသည့် ရာသီဥတု အခြေအနေများကို ထုတ်ပြန်ပေးနေသည်။

Most read this week