မဟာမိတ်လုပ်မည်ဟု တစည ကမ်းလှမ်း

မဟာမိတ်လုပ်မည်ဟု တစည ကမ်းလှမ်း
by -
ကိုဝိုင်း

ပြည်သူ့ အကျိုးစီးပွားအတွက် မည်သူနှင့်မဆို မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယနေ့ ကမ်းလှမ်းလိုက်သည်။ ...

ချင်းမိုင် (မဇ္ဈိမ) ။     ။ ပြည်သူ့ အကျိုးစီးပွားအတွက် မည်သူနှင့်မဆို မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယနေ့ ကမ်းလှမ်းလိုက်သည်။

: http://ywatwar.blogspot.com)လွှတ်တော်အမတ်နေရာ ၆၄ နေရာဖြင့် ဒုတိယအများဆုံးရ တစည ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အချို့ကို ပါတီ ခေါင်းဆောင်များက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဌာနချုပ်တွင် ယနေ့ တွေ့ဆုံမှာကြားပွဲအပြီး ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

အကျိုးစီးပွားရှိမယ်ဆိုရင် ဘယ်သူနဲ့ဖြစ်ဖြစ် ဂိုဏ်းဂန မရှိဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားရှိပါတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပြောခွင့်ရ ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌ ဦးထွန်းရီ (ဒုဗိုလ်ချုပ်ကြီး-ငြိမ်း) ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်များနှင့် ပြည်သူ့လွှတ်တော် အမတ် ၁၂ ဦး၊ အမျိုးသား လွှတ်တော်အမတ် ၅ ဦး၊ မကွေးတိုင်း ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ဆလိုင်းလှထွန်းနှင့် ကချင်ပြည်နယ် ဗမာတိုင်းရင်းသား ကိုယ်စားလှယ် ဦးပါ ခေါ် ဦးခင်မောင်ဆွေတို့ တက်ရောက်ခဲ့သည်။

ပါတီ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များကိုမူ သက်ဆိုင်ရာ တိုင်းစည်း၊ ပြည်နယ်စည်း ကော်မတီများက တာဝန်ယူဆွေးနွေးမှာကြားမှုများ ပြုလုပ်ခဲ့သေးသည်။

ယခုလ ၃၁ ရက်နေ့မှစ၍ ပထမအကြိမ် လွှတ်တော်အသီးသီး အစည်းအဝေးသည် မကြာသေးခင်က ထုတ်ပြန်ခဲ့သည့် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ အကောင်အထည် ပေါ်ရေးအတွက်သာ ဖြစ်မည်ဟု ဦးဟန်ရွှေက ပြောသည်။

“နောက် ၅ နှစ်အတွင်းမှာ ခေါ်သွားမယ့် အစည်းအဝေးတွေမှာ အဆင်သင့်ဖြစ်အောင် ဒီပထမအကြိမ် အစည်းအဝေးကတော့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ ၁၇ ခုကို တကယ်ဖွဲ့စည်းဖြစ်အောင် အကောင်အထည် ဖော်သွားရမယ့် ကိစ္စပဲလို့ ထင်ပါတယ်” ဟု သူက ပြောသည်။

ယခုလ ၁ဝ ရက်နေ့၌ လွှတ်တော်ကျင်းပရမည့် ရက်ကို နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သတ်မှတ်ပေးခဲ့ပြီး၊ သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်ရေး၊ ဖွဲ့စည်းပုံခုံရုံး၊ တရားစီရင်ရေး၊ နိုင်ငံတော်အလံနှင့် သီချင်း စသည့် ဥပဒေနှင့် နည်းဥပဒေ ၁၇ ခုကို စာအုပ်အဖြစ် ရောင်းချပေးမည်ဟုလည်း ကြေညာခဲ့သည်။

သို့သော် ယင်း ဥပဒေ၊ နည်းဥပဒေများကို လွှတ်တော်ခေါ်ရန် နှစ်ပတ်ကျော်သာခွါ၍ ထုတ်ခဲ့သဖြင့် မလေ့လာရသေးဟု ဦးဟန်ရွှေက ပြောသည်။ “ဒီဥပဒေတွေက မနေ့တနေ့ကမှ ထုတ်တော့ သေချာဖတ်ဖို့ နေနေသာသာ လောလောဆယ် စာအုပ်ရအောင်တောင် မနည်း လုပ်နေရတယ်” ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် အစည်းအဝေးများအတွက် အမတ်များသည် ယခုလ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး နေပြည်တော်သို့ “သတင်းပို့ရမည်’’ ဖြစ်သည်။

၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီ တောင်းဆိုသော လူထုအုံကြွမှုကြောင့် ပျက်သုန်းခဲ့အပြီး နောက်ပိုင်းတွင် (တစည) အဖြစ် ခေါင်းဆောင်မှု ပြောင်းလဲကာ အမွေဆက်ခံခဲ့သည်။