ဇန်နဝါရီမှာ လွှတ်တော် ခေါ်မှာလား

ဇန်နဝါရီမှာ လွှတ်တော် ခေါ်မှာလား
by -
ကိုဝိုင်း

၁၉၈၈ နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ဇန်နဝါရီလ နှောင်းပိုင်းတွင် ခေါ်ယူဖွယ်ရှိသည်ဟု ဒုတိယ အမတ်နေရာ အများဆုံး အနိုင်ရ တိုင်းရင်းသား ...

ချင်းမိုင် (မဇ္စျိမ) ။      ။ ၁၉၈၈ နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ဇန်နဝါရီလ နှောင်းပိုင်းတွင် ခေါ်ယူဖွယ်ရှိသည်ဟု ဒုတိယ အမတ်နေရာ အများဆုံး အနိုင်ရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက ခန့်မှန်း ပြောဆိုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ စုဝေးမည့် ပြည်သူ့လွှတ်တော် အဆောက်အဦး“လွှတ်တော်က ဇန်နဝါရီ တတိယ-စတုတ္ထပတ် လောက်မှာ ခေါ်ရမယ့် အနေအထား ရှိတယ်လေ။ ဒါကျနော်တို့ မှန်းတာပေါ့” ဟု တစညပါတီ ပြောခွင့်ရ ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ရ ရက်မှ စ၍ ရက်ပေါင်း ၉၀ အတွင်း စစ်အစိုးရက ပြည်သူ့လွှတ်တော် အစည်းအဝေး ခေါ်ယူပေးရမှာ ဖြစ်သည်။

ထို့အပြင် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ပြီး တပတ်အတွင်း အမျိုးသား လွှတ်တော်ကို ခေါ်ယူရမည် ဖြစ်သည်။ ထို့နောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း၍ ၁၅ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်ကို ကျင်းပရမည်ဟု ပါရှိသည်။

လွှတ်တော် အစည်းအဝေးတွင် အဓိက ဆွေးနွေးမည့်အကြောင်းတခုမှာ “လက်နက်ကိုင် အဖွဲ့အစည်း အားလုံး တပ်မတော် ကွပ်ကွဲမှုအောက်” သို့ ရောက်ရှိစေရေးကိစ္စ ဖြစ်သည်ဟု နိုင်ငံရေးပါတီများနှင့် လေ့လာသူများက ခန့်မှန်းထားသည်။

စစ်အစိုးရ၏ “နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး” ကို လက်မခံသော အပစ်ခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ရှိနေသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်များ စုဝေးမည့် ပြည်သူ့လွှတ်တော် အဆောက်အဦး“နယ်ခြားစောင့်တပ်ပြောင်းရေးက လွှတ်တော်ထဲမှာ ဆွေးနွေးရင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းလမ်းနဲ့ပဲ သူတို့ဖြေရှင်း သွားရမယ့် သဘောရှိတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေလဲ ပါလာမှာကိုး” ဟု ဦးဟန်ရွှေက ပြောသည်။

မဲလိမ် မဲခိုးမှုများဖြင့် အငြင်းပွားနေသည့် ရွေးကောက်ပွဲရလဒ်အရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ် စုစုပေါင်း ၁၁၅၄ ဦးတွင် ၈၈၂ ဦးဖြင့် ရ၆ ရာခိုင်နှုန်းကျော် အမတ်နေရာအများဆုံးရထားပြီး တစညက ငါးရာခိုင်နှုန်းကျော်ဖြင့် ဒုတိယလိုက်သည်။

ရွေးကောက်ပွဲရလဒ်များနှင့် ပတ်သက်၍ တစညကိုယ်စားလှယ်များကလည်း မကျေနပ်ကြပေ။ ပါတီအနေဖြင့် ဝင်အရွေးခံသည့် ကိုယ်စားလှယ်တဦးကို ၁ဝ သိန်းစီပေးပြီး ကန့်ကွက်လွှာတင်သွင်းရန် စဉ်းစားလျက်ရှိကြောင်း တစည သတင်းရပ်ကွက်တခုက ပြောသည်။ လောလောဆယ် ရွေးကောက်ပွဲ ဥပဒေနှင့် မကိုက်ညီသည်များကို ကော်မရှင်သို့ အသိပေးထားသည်။

တစည တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီး မနေ့က အမေရိကန်အစိုးရ အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းနှင့် အရွေးခံပါတီ ကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့ဆုံရာ၌ ပါဝင်ဆွေးနွေးခဲ့သည်။

ဖြစ်ပေါ်လာမည့် အစိုးရသစ်အခြေအနေ၊ အမေရိကန်- မြန်မာဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ထည့်သွင်း ဆွေးနွေးခဲ့သည်ဟု ဦးဟန်ရွှေက ပြောသည်။

Most read this week