အေးရှားဝေါလ် ဆည်စီမံကိန်း လုပ်သား ၄ ဦး ဒဏ်ရာရ

အေးရှားဝေါလ် ဆည်စီမံကိန်း လုပ်သား ၄ ဦး ဒဏ်ရာရ
by -
မြင့်မောင်
ကရင်အမျိုးသား အစည်းအရုံးတပ်များက ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိမှန်မှုကြောင့် အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်လျက်ရှိသော ရေအားလျပ်စစ် စီမံကိန်း လုပ်သား ၄ ဦး ဒဏ်ရာ....

ကရင်အမျိုးသား အစည်းအရုံးတပ်များက ပစ်ခတ်လိုက်သော လက်နက်ကြီးများ ထိမှန်မှုကြောင့် အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်လျက်ရှိသော ရေအားလျပ်စစ် စီမံကိန်း လုပ်သား ၄ ဦး ဒဏ်ရာ ရသွားသည်။

ပဲခူးတိုင်း ထန်းတပင်မြို့နယ်ရှိ သောက်ရေခပ် ရေအားလျပ်စစ်စီမံကိန်းသို့ နံနက် ၁ဝ နာရီခွဲခန့်တွင် လက်နက်ကြီး အနည်းဆုံး ၂ လုံး ကျရောက်၍ ဝန်ထမ်း ၄ ဦး ဒဏ်ရာ ရသွားကာ တောင်ငူဆေးရုံတွင် ကုသမှုခံယူနေရသည်။

“ကျနော်တို့ စစ်ကြောင်းတွေ လှည့်လည်တဲ့အခါ ထိပ်တိုက်တိုက်ပွဲလား၊ ဒါမှမဟုတ် ဆည်ကိစ္စနဲ့ပတ်သက်ပြီး လူထုက တားထားတဲ့အပေါ်မှာ သွားရောက်ဆုံးမ သွန်သင်တဲ့ သဘောနဲ့ တိုက်တာလားဆိုတာ မသိရသေးဘူး။ တိုက်ပွဲကတော့ ဖြစ်တာမှန်တယ်” ဟု KNU တွဲဘက် အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ပြောသည်။

ဆည်စီမံကိန်းက ဒေသခံပြည်သူများထံမှ အဓမ္မမြေသိမ်းမှုများနှင့် လုပ်အားပေးခို်င်းစေမှုများရှိနေသည်ဟု သူက ပြောသည်။

ရေအားလျှပ်စစ် စီမံကိန်းတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ရေကာတာ တည်ဆောက်ရေး ကျွမ်းကျင်သည့် တရုတ်အလုပ်သမား ဦးရေ ရဝ ကျော်လည်း ရှိနေကြရာ တိုက်ပွဲဖြစ်သောကြောင့် အခင်းဖြစ်ရာမှ ရှောင်တိမ်းသွားကြသည်။

တောင်ငူခရိုင် ထန်းတပင်မြို့နယ် ချောင်းနှစ်ခွရွာရှိ ရဲတပ်ရင်း ၁၁ နှင့် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ အမှတ် ၃ ရဲစခန်းကို မေးမြန်းကြည့်ရာ တာဝန်ကျ အရာရှိ
များက ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။

ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝေါလ်ကုမ္ပဏီ၏ စီမံကိန်းက ဆောက်လုပ်နေသည့် ကချင်ပြည်နယ် မြစ်ဆုံ ဒေသရှိ မြစ်ဆုံရေကာတာ စီမံကိန်းတွင်လည်း ယခုလ ၁၇ ရက်နေ့က ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အင်ဂျင်နီယာတဦး ဒဏ်ရာရရှိခဲ့သည်။