ချင်းမိုင် (မဇ္ဈိမ)။ ။ စစ်အစိုးရက ပြည်သူ့စစ်လုပ်ရန် ဖိအားပေးမှုများရှိသဖြင့် မွန် ၁ဝဝ ခန့်သည် အပစ်ခတ်ရပ် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေအောက်သို့ ဝင်ရောက်ခိုလှုံလာခဲ့သည်ဟု မွန်ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
“နယ်မြေ နအဖ စစ်တပ်က ပြည်သူ့စစ်လုပ်ခိုင်းတယ်။ မလုပ်နိုင်တဲ့ လူတွေက တလကို လစဉ်ကြေး ရ ထောင်စီပေးရမယ်။ အဲဒါသူတို့မခံနိုင်တော့ ပြေးလာကြတာ” ဟု မွန်ကယ်ဆယ်ရေးအဖွဲ့အတွင်းရေးမှူး ကိုဇော်မင်းဦးက မဇ္စျိမကိုပြေသည်။
ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှ မွန်ပြည်သစ်ပါတီနယ်မြေ ထားဝယ်ခရိုင် အဒေသ တွင်းသို့ ယနေ့ချိန်ထိ တဖွဲဖွဲ လာရောက်ခိုလှုံကြခြင်းဖြစ်သည်ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။
မိသားစုလိုက် အိုးအိမ်စွန့်ခွာလာခဲ့ကြသည့် အလယ်စခန်း ရွာသူ/သားများကို မွန်ပြည်သစ် နယ်မြေဖြစ် သည့် ထားဝယ်ခရိုင်အတွင်းတွင် နေရာချထားပေး ကူညီနေသည်ဟု ပြောသည်။
“အခုဒေသခံ တာဝန်ရှိတဲ့လူတွေက နေရာချပေးထားတာပေါ့။ မြေကွက်တွေ ရွာတွေဖြစ်ဖို့အတွက် စီစဉ် ပေးထားတာပေါ့။ ဒုက္ခသည်စခန်းတော့မဟုတ်ဘူး” ဟု ကယ်ဆယ်ရေးလုပ်သားက ပြောသည်။
စစ်အစိုးရအနေဖြင့် မွန်နှင့် ကရင်လူမျိုးအများစုရှိ ဒေသလုံခြံုရေးကို နိုင်နင်းစွာ မဖြေရှင်းနိုင်သဖြင့် ပြည်သူ့စစ်များ အသုံးပြုရန် ဖွဲ့စည်းနေခြင်းဖြစ်ကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ကဆော့မွန်က ပြောသည်။
သို့သော်လည်း ပြည်သူ့စစ်များကို လခပေးထောက်ပံ့နိုင်ခြင်းမရှိသည့်အတွက် ရွာခံလူထုကသာ ကုန်ကျရသည်ဟု သူက ပြောသည်။
“တဖက် ကနေ မွန်သူပုန်တွေ၊ ကရင်သူပုန်တွေ အဲဒီဘက်မှာ လှုပ်ရှားမှုတွေရှိလာတယ်ဆိုရင် သူတို့ ကနေ တဆင့် စစ်အစိုးရတပ်မတော်ကို တပ်ရင်းတွေကို သတင်းပေးပို့ရတယ်။တချိန်တည်းမှာပဲ အဲဒီ အနီးအနားတဝိုက်မှာရှိတဲ့ စစ်အစိုးရတပ်ရင်းတွေကနေ လုံခြံုရေးအတွက် ဆိုပြီး တော့ သူတို့ကို ခိုင်းလို့ရ တာပေါ့။” ဟု သူကပြောသည်။