ရေဒီယိုသြစတြေးလျက မြန်မာဘာသာဖြင့် ထုတ်လွှင့်

ရေဒီယိုသြစတြေးလျက မြန်မာဘာသာဖြင့် ထုတ်လွှင့်
ရေဒီယိုသြစတြေးလျ-ABC နိုင်ငံတကာ အသံလွင့်ဌာနကြီးက ယနေ့မနက်မှစ၍ မြန်မာဘာသာဖြင့် စတင်အသံလွှင့်နေပြီ ဖြစ်သည်။ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲမှ စတင်၍ တပတ်လျင် ရ ရက် ...

မဇ္စျိမ (ချင်းမိုင်)။      ။ ရေဒီယိုသြစတြေးလျ-ABC နိုင်ငံတကာ အသံလွင့်ဌာနကြီးက ယနေ့မနက်မှစ၍ မြန်မာဘာသာဖြင့် စတင်အသံလွှင့်နေပြီ ဖြစ်သည်။

မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲမှ စတင်၍ တပတ်လျင် ရ ရက် ထုတ်လွှင့်မည်ဖြစ်ပြီး လှိုင်းတိုမီတာ ၂၅၊ ကီလိုဟဒ် ၁၁၈၄၀နှင့် ၄၉၊  ကီလိုဟဒ် ၅၉၉၅။ မနက် ရ နာရီခွဲတွင် လိုင်းတိုမီတာ ၁၆ ကီလိုဟဒ် ၁၇၆၆၅နှင့် ၃၁ ကီလိုဟဒ် ၉၇၃၀ တို့ အသီးသီး ဖြစ်ကြောင်း အသံလွှင့်ဌာန၏ ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် ညပိုင်း ၁၀ နာရီခွဲတွင် မီတာ ၂၅ ကီလိုဟဒ် ၂၂၉၈၀ တို့မှ ဖမ်းယူနားဆင်နိုင်မည် ဖြစ်ကြောင်းလည်း ABC မြန်မာပိုင်းအသံလွှင့်ဌာန အင်တာနက်စာမျက်နှာတွင် ဖတ်ရှုရသည်။

မြန်မာဘာသာဖြင့် စတင်အသံလွှင့်ရန် ဆုံးဖြတ်ရခြင်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စိတ်ဝင်စားမှု တိုးပွာလာခြင်းနှင့်  ၂၀၁၀ ခု ရွေးကောက်ပွဲနှင့် ဆက်ဆိုင်သော ဗဟုသုတအတွက် ဖြစ်သည်ဟု  ABC အမှုဆောင်ချုပ် မစ္စတာ Hanh Tran က ပြောသည်။

သြတြေးလျနိုင်ငံ မဲဘုန်းမြို့အခြေစိုက် ရေဒီယိုသြစတြေးလျ-ABC ဌာနသည် ယခုအခါ မြန်မာဘာသာ အပါအဝင် အင်္ဂလိပ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ခမာ၊ ဗီယက်နမ်၊ ပြင်သစ်၊ Papua New Guinea ဘာသာတို့ဖြင့် အသံလွှင့်နေခြင်း ဖြစ်သည်။