သတင်းစာများ မလိမ့်တပတ်လုပ်နေဟု သတင်းဆရာကြီးနှင့် ကျောင်းသားအဖွဲ့ ပြောဆို

သတင်းစာများ မလိမ့်တပတ်လုပ်နေဟု သတင်းဆရာကြီးနှင့် ကျောင်းသားအဖွဲ့ ပြောဆို
by -
ကျော်ခ
စစ်အစိုးရ အာဘော်ထုတ် သတင်းစာများသည် ပြည်သူများ စဉ်းစားရ ခက်စေရန် မလိမ့်တပတ်လုပ်၍ ရေးသား လိမ်လည်နေကြောင်း ဝါရင့်သတင်းစာ ဆရာကြီးနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က ပြော ...

ချင်းမိုင် (မဇ္စျိမ)။      ။ စစ်အစိုးရ အာဘော်ထုတ် သတင်းစာများသည် ပြည်သူများ စဉ်းစားရ ခက်စေရန် မလိမ့်တပတ်လုပ်၍ ရေးသား လိမ်လည်နေကြောင်း ဝါရင့်သတင်းစာ ဆရာကြီးနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် - ဗကသ က ပြောသည်။

အကျဉ်းသားများကို စတင်လွှတ်ပေးသည့် ယခုလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် “နိုင်ငံသား အကျဉ်းသား” ဟု ခေါ်ဝေါ်သုံးစွဲသွားမှုသည် မိမိအနေဖြင့် နားမလည်နိုင်အောင် ဖြစ်ရကြောင်း ရန်ကုန်ရှိ ဝါရင့်သတင်းစာ ဆရာကြီး ဦးဝင်းတင်က စတင်ပြောဆိုသည်။

“ဘာဖြစ်လို့ ဒီအချိန်မှာ သုံးလည်း ကျနော်လည်း နားမလည်နိုင်ဘူး။ ကျနော် အဓိပ္ပာယ်အမျိုးမျိုး စဉ်းစားကြည့် တယ်။ တော်တော် စဉ်းစားရခက်တဲ့ အနေအထားကို ဖြစ်နေတယ်။ နိုင်ငံရေးအကျဉ်းသားလို့ မသုံးချင်လို့ နိုင်ငံသားလို့ ပြောင်းသုံးတယ် ဆိုရင်လည်း မလွတ်တဲ့လူတွေက နိုင်ငံသား မဟုတ်ဘူးလား” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။

ယခုကဲ့သို့ ရေးသားခြင်းသည် ပြည်သူလူထုကို မလိမ့်တပတ်ဖြင့် ဇဝေဇဝါဖြစ်စေရန် လှည့်ပတ် ရေးသားခြင်းသာ ဖြစ်ကြောင်း ဗကသ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ပြောသည်။

“နိုိုင်ငံသား အကျဉ်းသားလို့ အဲဒီလို သုံးခြင်းအားဖြင့် ဇဝေဇဝါပေါ့ဗျာ။ ရုတ်တရက် လူက ဖတ်လိုက်ရင် နိိုုင်ငံရေး အကျဉ်းသား ဆိုပြီးတော့ ဒီတခါ ရ၀၀၀ ကျော် လွှတ်ပေးတာမျိုးလို့ ထင်အောင်ပေါ့ဗျာ။ ဒါက လူထုကို လိမ်ညာတဲ့ ပုံစံအတိုင်းပဲ” ဟု သူက မဇ္စျိမကို ပြောသည်။

စစ်အစိုးရအနေဖြင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို အမှန်တကယ် ပြုလုပ်လိုပါက အမျိုးသားညီလာခံ၌ တိုင်းရင်းသားလူမျိုးစုများ၊ ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၊ ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့များ အားလုံးပါဝင်ပြီး ညှိနှိုင်းဆောင်ရွက်မှ ရရှိမည်ဟု သူက ဆက်ပြောသည်။

သူက “အဲလိုမဟုတ်ဘဲနဲ့ အတုအယောင်ညီလာခံ၊ အတုအယောင် အခြေခံဥပဒေကလည်း တကယ့်စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဘယ်လိုမှ သွားလို့ မရပါဘူး။ အားလုံး တညီတညွှတ် စုစုစည်းစည်း လုပ်မယ်ဆိုရင် ကျနော်တို့တိုင်းပြည် အနာဂတ်က ထွန်းလင်း တောက်ပလာမယ်။ အဲလိုမဟုတ်ဘဲနဲ့ တဖက်သတ်ဆန်ဆန် လုပ်နေမယ်ဆိုရင် ဒါဟာ အဲဒီအကျိုးဆက်တွေက ရလဒ်တွေ မကောင်းလောက်အောင် တိုင်းပြည်ကလည်း အများကြီး ဆုံးရှုံးတာပဲ” ကိုဇာနည်က ပြောသည်။

ယခုလ ၁၈ ရက်နေ့တွင် စစ်အစိုးရထုတ် မြန်မာ့အလင်း သတင်းစာတွင် အကျဉ်းသား ရ၁၁၄ လွှတ်ပေးမည်ဟု ရေးသားထားသော်လည်း လွှတ်ပေးသည့် အကျဉ်းသားများထဲတွင် အများစုမှာ မူးယစ်မှု၊ လာဘ်စားမှုနှင့် အစိုးရ အမှုထမ်းဟောင်း ရာဇဝတ်သားများ သာဖြစ်ပြီး ယနေ့အထိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်သာ ပါဝင်သေးသည်။

Most read this week