သာကေတတွင် လေဆင်နှာမောင်းတိုက်

သာကေတတွင် လေဆင်နှာမောင်းတိုက်
သာကေတမြို့နယ် တွင်ယနေ့နေ့လည် နှစ်နာရီ ခွဲဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန် ပျက်စီးကာ လူသုံးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြော ...

ရန်ကုန် (မဇျိမ)။     ။ သာကေတမြို့နယ် တွင်ယနေ့နေ့လည် နှစ်နာရီ ခွဲဝန်းကျင်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး လူနေအိမ်နှင့် အဆောက်အအုံအချို့ အမိုးလန် ပျက်စီးကာ လူသုံးဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်ဟု မျက်မြင်သက်သေများက ပြောပါသည်။
 
tharketa-windလေဆင်နှာမောင်းမှာ ရန်ကုန်မြစ်အတွင်းမှ ဖြတ်သန်းလာခြင်းဖြစ်ပြီး သာကေတ မြို့နယ် ကြယ်ငါးပွင့် သဘောင်္ရုံး ဆိပ်ကမ်းကိုဖြတ်ကာ သာကေတမြို့နယ် အတွင်းသို့
ဝင်ရောက် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောပါသည်။
 
ဖြတ်သန်း တိုက်ခတ်ခဲ့ရာ နေရာတလျှောက်တွင် လူနေအိမ်နည်းပြီး စက်ရုံများ နှင့် အဆောက်အအုံကြီးများသာ ရှိသဖြင့် လူနေအိမ်များမှာ ပျက်စီးဆုံးရှုံးမှု နည်းခဲ့ခြင်းဖြစ်ပြီး လမ်းဘေးစျေးဆိုင် အချို့သာ ပြိုလဲပျက်ဆီးခဲ့သည်။
 
“အရင်ဆုံး သင်္ဘောကျင်းကို စဝင်ပါတယ်။ နောက်ပြီး သူ့ဘေးမှာရှိတဲ့ ယုဇနဆီအုန်းစက်ရုံ မှာလည်း ဝင်မွှေတယ်။ နောက်ပြီး အဲဒီကနေ သာကေတ ၁၄ ရပ်ကွက်ထိပ်မှာရှိတဲ့ ခန်းမကြီးကို ဝင်တိုက်တယ်။ ရပ်ကွက်ထဲကို ဆက်မဝင်ဘဲ လေဆင်နှာမောင်းက ပေါ်တက်သွားတယ်။ ရပ်ကွက်ထဲကိုသာ ဆက်ဝင်ရင် တရပ်ကွက်လုံး ကုန်လောက်တယ်” ဟု လေဆင်နှာမောင်း တိုက်ခတ်မှုကို အစအဆုံး မြင်တွေ့ခဲ့သော သာကေတ ရှုခင်းသာအိမ်ယာ ခြောက်ထပ်တွင် နေသူတဦးက ပြောသည်။
 
tharketa-wind2လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သာကေတမြို့နယ် ၁၄ ရပ်ကွက်အတွင်း နေထိုင်သူ အမျိုးသမီးတဦးနှင့် ကလေးငယ်တဦး သွပ်ရှသည့်ဒဏ်ရာ ရရှိခဲ့ပြီး
တက်လမ်း ဆောက်လုပ်ရေး အလုပ်သမားဝင်းအတွင်း နေထိုင်သူတဦးလည်း ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။
 
မြန်မာ့ကြယ်ငါးပွင့် သင်္ဘောဆိပ်ကမ်းနှင့် ယုဇနဆီအုန်း စက်ရုံဝင်းအတွင်း တိုက်ခတ်ခဲ့ပြီး အော်ဟစ်သံအချို့ ကြားခဲ့ရသော်လည်း အဆိုပါ နေရာများသို့ အပြင်လူ ဝင်ရောက်ခွင့် မရှိသဖြင့် ပျက်စီးဆုံးရှုံး ထိခိုက်ဒဏ်ရာရမှုကို စုံစမ်းနိုင်ခြင်း မရှိခဲ့ပါ။
 
အခင်းဖြစ်ပွားပြီး အချိန် တစ်နာရီကျော်ခန့် ကြာမြင့်သည်အထိ အဆိုပါနေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူ တဦးတစ်ယောက်မျှ ရောက်ရှိ မလာသေးသည်ကို တွေ့ရသည်။