ဦးဂမ္ဘီရ ထောင်ဒဏ် ငါးနှစ် လျော့

ဦးဂမ္ဘီရ ထောင်ဒဏ် ငါးနှစ် လျော့
by -
ဖနိဒါ
စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅နှစ် ယမန်နေ့က လျော့ချပေးလိုက်သည်။ သံဃာတပ်ပေါင်းစု ခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှု ၁၆ ခုအနက် အီလက်ထရောနစ် ဥပဒေကို ချိုးဖောက် ...

ချင်းမိုင်(မဇ္ဈိမ)။     ။ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြရာတွင် ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရအား အနောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၅နှစ် ယမန်နေ့က လျော့ချပေးလိုက်သည်။
 
သံဃာတပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရအား စွဲဆိုခဲ့သော အမှု ၁၆ ခုအနက် အီလက်ထရောနစ် ဥပဒေကို ချိုးဖောက်သည့်အမှုမှ ထောင်ဒဏ်ကို လျော့လိုက်ခြင်း ဖြစ်သည်။ သို့သော် သူသည်  ထောင်ဒဏ် ၆၃ နှစ် ကျခံရန် ကျန်သေးသည်။
 
အီလက်ထရောနစ်ဥပဒေ ၃၃ (က) အရ အာဏာပိုင်များ ခွင့်ပြုချက်မရှိဘဲ အင်တာနက် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ထားပြီး ၂၀၀၇ ခုနှစ်တွင်းက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်သူများကို နှစ်ရှည်ထောင်ချသည့် လက်နက်တခု ဖြစ်လာခဲ့သည်။
 
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်း ကလေးထောင်ထဲတွင် အကျဉ်းကျခံနေရသူ အသက် ၂၉ နှစ်အရွယ် ဦးဂမ္ဘီရ၏ ရှေ့နေများက အမှုများကို ပြန်လည်စစ်ကြောရန် ခရိုင်တရားရုံးကို အယူခံတင်သွင်းခဲ့ရာ ရ မှု အပယ်ခံရသည်။ အယူခံတင်ချိန် နောက်ကျ၍ ပယ်ချရခြင်းဖြစ်သည်ဟု တရားရုံးက ပြန်ကြားကြောင်း မိသားစုဝင်များက ပြောသည်။
 
ကျန်သော ၉ မှုကို တရားရုံးက စိစစ်နေဆဲဖြစ်ပြီး ၂၉ ရက်နေ့ ရုံးချိန်းပေးထားသည်။

Most read this week