စံခလပူရီ(မေ-၂၅)။ ။ပအို၀်းလူငယ်အစည်းအရုံးPa-O Youth Organizationမှ“အနာဂတ်ကို လုယူဖျက်စီးခြင်း” အစီရင်ခံစာ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပမည်ဖြစ်ရာ ပြည်ပရောက် NGO’s များနှင့် သတင်းဌာနတို့ကို ဖိတ်ကြားခဲ့ပါသည်။
လာမည့် ဇွန်လ ၂၉ ရက်နေ့၊ ၂၀၀၉ (တနင်္လာနေ့)၊ နံနက် ၁၀ း ၃၀ နာရီမှ ၁၂ း ၀၀ နာရီအထိ ထိုင်းနိုင်ငံ၊ ချင်းမိုင် မြို့ ရှိ International Center (IC), Campus of Chiang Mai University တွင် ကျင်းပသွားမည်ဟု သိရသည်။
ဤသတင်းစာရှင်းလင်းပွဲ ကျင်းပရသည့်ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ဆျန်ကီကို မေးမြန်းဆက်သွယ်ခဲ့ရာ “ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ပင်းပက်သတ္တုတွင်းနဲ့ ပတ်သက်ပြီး ဒီအတောတွင်းမှာ ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကို လူသိရှင်ကြား ကျွန်တော်တို့ ဖေါ်ထုတ်နိုင်မယ် လို့ယူဆပါတယ်၊ နောက်ပြီး ယူရေနီယံတူးဖေါ်မဲ့ကိစ္စ သတင်းနဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်စစ်ဆေးစေချင်တယ် ၊ နောက်ဆုံးတောင်းဆိုချင်တာကတော့ ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီအားလုံး လုပ်ငန်းရပ်ဆိုင်းပြီး တော့ ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်လယ်ယာတွေအတွက် သူတို့ရဲ့နစ်နာကြေးတွေ လုံလောက်စွာ ပေးဖို့ သတင်းမီဒီယာကနေတဆင့် သက်ဆိုင်တဲ့ကုမ္ပဏီတွေကို တင်ပြလိုပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ၁၀ ကီလိုမီတာခန့်၌ မြန်မာစစ်တပ် ပိုင်ကုမ္ပဏီနှင့် ရုရှားအစိုးရပိုင် ကုမ္ပဏီများမှ တူးဖေါ်တည်ဆောက်သည့် ပင်းပက်သံသတ္တုတွင်းစီမံကိန်းနှင့် စက်ရုံ များကြောင့် ဒေသခံရွာသားများအပေါ် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုများအကြောင်းကို တင်ပြမည်ဟု သိရှိရသည်။
Published
Thursday, June 25, 2009 - 19:55
ပအိုဝ်းလူငယ် အစည်းအရုံးမှ ရှင်းလင်းပွဲတရပ် ကျင်းပမည်
ပအို၀်းလူငယ်အစည်းအရုံးPa-O Youth Organizationမှ“အနာဂတ်ကို လုယူဖျက်စီးခြင်း” အစီရင်ခံစာ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကျင်းပမည်ဖြစ်ရာ ပြည်ပရောက် NGO’s များနှင့် သတင်းဌာနတို့ကို ဖိတ်ကြားခဲ့ ...