ဒါကာ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြ့ုိမှ ရပ်ကွက်ကောင်စီ ဥက္ကဋ္ဌတဦးသည် ရိုဟင်ဂျာများထံမှ ငွေယူကာ ဘင်္ဂလားဒေ့ရှ်သို့ ပို့ဆောင်သည် ဆိုသော စွပ်စွဲချက်ဖြင့် ဒေသအာဏာပိုင်များက စစ်ဆေးနေသည်။
အမှတ် ၅ ရပ်ကွက်မှ ကောင်စီဥက္ကဋ္ဌ ဦးနိုဒါလန်ကို မောင်တောခရိုင် ကောင်စီဥက္ကဋ္ဌ ဦးသန်းတင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနှင့် နစက ခေါ် နယ်စပ်ဒေသ စိစစ်ရေးနှင့် ကွပ်ကဲရေး ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးအောင်ကြီးက မောင်တောမြ့ုိနယ် ကျီးကန်းပြင်ရွာ အခြေစိုက် နစက ဌာနချုပ်တွင် ယခုလ ၂၄ ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“လောလောဆယ်တော့ ရပ်ကွက် ၅ က ဥက္ကဋ္ဌကိုပဲ မေးတာမြန်းတာတွေ ရှိနေတယ်။ သူတယောက်ထဲ လုပ်တာတော့ မဟုတ်ဘူးလို့ ပြောတယ်။ လဝက ဦးစီးမှူး၊ ခယက ဥက္ကဋ္ဌလည်း ပါတယ်လို့ ပြောတယ်။ ကျန်တဲ့ လူတွေကိုလည်း နောက်မှာ မေးမြန်းစုံစမ်းနိုင်တယ်” ဟု မောင်တောမြ့ုိနယ် ကောင်စီရုံးမှ စာရေးတဦးက မဇ္ဈိမကို ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က ဦးနိုဒါလန်သည် ရိုဟင်ဂျာ ဦးရေ ရဝ ခန့်ကို မောင်တောမြ့ုိ တဖက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနာသို့ ပို့ပေးရန်အတွက် တဦးလျှင် ကျပ် ၂ သောင်းစီယူ၍ ခိုးထုတ်ပေးခဲ့သော အမှုဖြစ်ကြောင်း သူက ဆက်ပြောသည်။
သို့သော် ဖမ်းဆီးချုပ်နှောင်ခြင်း မရှိဘဲ။ ပြန်လွှတ်ပေးခဲ့သည်။
ခိုးထုတ်ပေးခဲ့သော ရိုဟင်ဂျာများမှာ မောင်တောမြ့ုိနယ် မူစာကျေးရွာမှ ဦးရေ ၃ဝ၊ မောင်နီပြင်မှ ၁၅ ဦး၊ ညောင်ချောင်းမှ ၅ ဦး၊ ရွှေစားကျေးရွာမှ ၁၅ ဦး၊ မောင်တောမြ့ုိ အမှတ် (၅) ရပ်ကွက်မှ ၅ ဦး ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်မှတဆင့် မလေးရှားသို့ ထွက်ခွာရန်ဖြစ်ကြောင်း ညောင်ချောင်ရွာသား မူဟာမက် ကာမာလ် ဟိုစင် (MD Kamal Hossion) က ပြောသည်။
အလားတူပင် ပြည်ပသို့ ခိုးထုတ်ပေးရာ၌ စစ်တွေမြ့ုိ လုံခြံုရေးတပ်ဖွဲ့က မသိချင်ယောင် ဆောင်နေလိမ့်မည်ဟုဆိုကာ ရိုဟင်ဂျာ ၄ဝ ထံမှ ငွေလိမ်မှုတခုလည်း ယခုလ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း စစ်တွေမြ့ုိ ရေချမ်းပြင်အခြေစိုက် ရေတပ်စခန်းနှင့် နီးစပ်သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
သူက “စစ်တွေမှာရှိတဲ့ ဂျီအီးတပ်မှာ လျှပ်စစ်ဘက်က လုပ်နေတဲ့ ကိုသန်းမောင်က နေဗွီ (ရေတပ်)နဲ့ ပေါင်းပြီး ပင်လယ်ပြင်ကနေ မလေးရှားကို ထွက်ခွင့်ပြုမယ်။ သွားချင်ရင် လူတယောက်ကို ငွေ ၂ သိန်းကျစီ ပေးရမယ်ဆိုပြီး တောင်းတယ်” ဟု ပြောသည်။
စစ်တွေမြ့ုိနယ် သက်ကယ်ပြင်၊ သဲချောင်း၊ တပိုင်ကျေးရွာများမှ လိမ်လည်ခံရသူ ရိုဟင်ဂျာ ၄ဝ ထဲတွင် အမျိုးသမီး ၁၅ ဦး ပါဝင်သည်။
သူတို့ထံမှ ကြိုတင်ငွေအဖြစ် တဦးလျှင် ကျပ် တသိန်းစီ ယူပြီးချိန်တွင် စစ်တွေအမှတ် ၂ ရဲစခန်းမှ ရဲအရာရှိ ဗိုလ်တိုးညွန့်က သတင်းအရ လိုက်လံရှာဖွေသဖြင့် လိမ်လည်သူ ကိုသန်းမောင်မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်တွေမြ့ုိခံက ဆိုသည်။
ငွေပေးထားသူများမှာ တပြားတချပ်မှ ပြန်မရဘဲ ဆုံးရှုံးခဲ့သည်။
ထို့အပြင် မောင်တောမြ့ုိ ရပ်ကွက်အချို့တွင် ယခုလ ၂၅ ရက်နေ့မှ စတင်ကာ အာဏာပိုင်များက တအိမ်တက် တအိမ်ဆင်း မှတ်ပုံတင်နှင့် ပုံစံ ၁ဝ ဟုခေါ်သော အိမ်ထောင်စုကဒ်ပြား စစ်ဆေးနေကြောင်း သိရသည်။
“သူတို့က စားရင်းနဲ့။ ရှိတဲ့လူနဲ့ စစ်တယ်။ ကိုက်ညီမှု မရှိဘူးဆိုရင် မေးမြန်းစုံစမ်းမှုတွေ လုပ်တယ်။ အိမ်ထောင်စု စာရင်း ပြင်ရမယ်ဆိုရင် ငွေ ၃ဝဝဝ (ကျပ်) စီ ပေးရတယ်” ဟု မောင်တောမြ့ုိခံ ကိုထွန်းကျော်က ပြောသည်။
မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း မူစလင်ဘာသာဝင်များသည် မြန်မာအာဏာပိုင်များ၏ ဖိနှိပ်မှု မျိုးစုံကြောင့် ရသည့်နည်းဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်မှုသည် မကြာသေးခင် လပိုင်းအတွင်း ဒေသတွင်းနိုင်ငံများအဖို့ ပြဿနာများ ဖြစ်စေခဲ့သည်။