မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်သူများ နေထိုင်ခွင့်ထောက်ခံလုပ်နေရ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်သူများ နေထိုင်ခွင့်ထောက်ခံလုပ်နေရ
ပမ္မတီးရပ်ကွက်နေပြည်သူများ ထောက်ခံစာ
ပမ္မတီးရပ်ကွက်နေပြည်သူများ ထောက်ခံစာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်း နေထိုင်တဲ့ ရပ်ကွက်နေပြည်သူများ နေထိုင်ခွင့်ထောက်ခံစာလုပ်နေရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအတွင်းမှာရှိတဲ့ ပမ္မတီး၊ရေကြည် ရပ်ကွက်နေပြည်သူများအားလုံး နေထိုင်ခွင့်ထောက်စာကို ရပ်ကွက်ရုံးမှာ သွားလုပ်နေရတယ်လို့ ပမ္မတီးရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

“နေထိုင်ခွင့်ထောက်ခံစာတဲ့ တစ်ခါမှလည်း မကြားဖူးဘူး။ ခုလုပ်နေရပြီ စစ်တပ်က မလုပ်မနေရ လုပ်ခိုင်းတာလို့ ပြောတယ်။ ခု ၃၇ ဂိတ်နဲ့ ပမ္မတီးရပ်ကွက် အဝင်ထွက်ဂိတ်တွေမှာ အဲဒီထောက်ခံစာပြပြီး သွားလာနေရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းရုံးအဝင်မှာရှိတဲ့ ၃၇ ဂိတ် (တစ်နည်းအားဖြင့်) အောင်ဇေယျာဘုရားတစ်ထောင်ဘုန်းကြီးကျောင်း၊ အထက ၄ ကျောင်းအနီးရှိဂိတ်နဲ့ မိုးညှင်း၊မိုးကောင်းဘက်ကနေ မြစ်ကြီးနားမြို့ ဝင်ရောက်နိုင်တဲ့လမ်း ပမ္မတီးရပ်ကွက် ဂိတ်နေရာတွေမှာ စစ်ရေးတင်းကြပ်နေပြီး ရပ်ကွက်ထောက်ခံစာ၊မှတ်ပုံတင်ပြနိုင်မှသာ ဝင်ခွင့်ပြုနေတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ၃၇ ဂိတ်ဟာ မြစ်ကြီးနားလေဆိပ်သွားတဲ့လမ်းမှာရှိတဲ့အတွက် လေဆိပ်သွားတဲ့ ခရီးသွားပြည်သူတွေ၊ ဆိုင်ကယ်ကယ်ရီသမားများ၊ အိုးဝေမောင်းသူတွေကိုလည်း စစ်ဆေးရေးတင်းကြပ်နေတယ်လို့ နောက်ထပ် မြို့သစ်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက အခုလို ပြောပါတယ်။

“ဟုတ်တယ် အိုးဝေသမားဆိုရင်လည်း အသင်းဝင်ထားတဲ့ကဒ်တွေပြရတယ် ယာဉ်မောင်းလိုင်စင်။ ပြီးတော့ ခရီးသွားသူတွေဆိုလည်း မှတ်ပုံတင်ပြရတယ် အဲဒီတိုင်းရုံးဘက်သွားမယ်ဆိုရင် ခရီးသည်တွေကော၊ မြို့တွင်းတစ်ခြားရပ်ကွက်က ပြည်သူတွေဆိုရင် မှတ်ပုံတင်ပြရတယ်” လို့ ပြောပါတယ်။

ခုလို နေထိုင်ခွင့်ထောက်ခံစာလုပ်ခိုင်းတာ၊ မြို့အဝင်အထွက် စစ်ဆေးရေးပိုတင်းကြပ်လာတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ကန်ပိုက်တည်မြို့ကို  KIA ပူးပေါင်းတပ် သိမ်းပိုက်လိုက်တဲ့နေ့က စတင်လုပ်ဆောင်လာတာလို့ မြစ်ကြီးနားမြို့ခံတွေပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့တစ်ဖက်ကမ်း ခတ်ချို၊ကြက်ပေါင်ခြံကနေ မြို့ထဲဝင်နိုင်တဲ့ ကူးသို့ဆိပ်တွေကိုလည်း ပိတ်ထားသလို၊ တချို့နေရာတွေမှာ မှတ်ပုံတင်ပြပြီးဝင်ရတာတွေကြောင့်  မြို့တွင်းမြို့ပြင် ခရီးသည်လိုက်လံပို့ဆောင်ပေးနေတဲ့ ဆိုင်ကယ်ကယ်ရီသမားတွေအတွက် ပိုခက်ခဲလာတယ်လို့ သိရပါတယ်။

အလားတူ မြစ်ကြီးနားနဲ့ဝိုင်းမော်ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တတံားမှာလည်း ကုန်ကားနဲ့ခရီးသည်ကားတွေကို စစ်ဆေးရေးတင်းကြပ်နေတဲ့တွက် ကားသမားတွေ အခက်တွေ့နေကြပါတယ်။

မြန်မာပြည်အထက်ပိုင်းဒေသရှိ ကချင်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖုန်း၊အင်တာနက်လိုင်းများ မကြာခနပိတ်ခံနေရတဲ့အပြင် မြို့တော်မြစ်ကြီးနားမြို့အဝင်အထွက်နေရာတွေအားလုံးနီးပါး စစ်ဆေးရေးပိုပြီးတင်းကြပ်လာနေပါတယ်။

မြို့တွင်း၊ မြို့ပြင် စစ်ရေးဆေးတင်းကြပ်ရုံသာမက စစ်တပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမြောက်တပ်၊ ကြက်ပေါင်ခြံရပ်ကွက် ကြံ့ခိုင်ရေးရုံးမှာအထိုင်ချထားတဲ့ လက်နက်ကြီးတွေနဲ့ မြို့တွင်း၊မြို့ပြင်ပစ်ခတ်မှုတွေလည်း ပုံမှန်လုပ်ဆောင်နေတာကြောင့် မြို့တွင်းလက်နက်ကြီးကျပေါက်ကွဲတာတွေလည်း ရှိနေပါတယ်။

Most read this week

January 3, 2025
မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်း၊ ကန့်ဘလူနယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား...
December 21, 2024
“ကျနော်တို့ လစ်လျူရှုခံရတာက မြင်သာနေတာပဲ၊ အောက်ခြေ ပြည်သူလူထုရဲ့ သဘောထားပါ မထင်ဟပ်ကြတော့ဘူး...
December 18, 2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်ပြည်သူများ...
လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူများ (Crd- မွန်မြတ်စေတနာအသင်း)
December 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ စန်းခါးကျေးရွာမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ၃...