ရသမျှနည်းလမ်းတွေသုံးပြီး စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းလာ

ရသမျှနည်းလမ်းတွေသုံးပြီး စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းလာ

ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို ရသမျှနည်းလမ်းတွေသုံးပြီး စုဆောင်းလာတယ်

လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းစနစ် အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ BACS ရဲ့ အစီရင်ခံစာအရ စစ်မှုထမ်း အပတ်စဉ် ၃၊ ၄၊ ၅ စုဆောင်းမှုဟာ အရင်အပတ်စဉ်တွေထက် ပုံစံကွဲလွဲနေတာပါ။

စစ်မှုထမ်း အပတ်စဉ် ၁ နဲ့ ၂ စုဆောင်းမှုတွေကြောင့် လူငယ်အများစုဟာ ပြည်ပထွက်ခွာတာ၊ နေ ရပ်စွန့်ခွာတိမ်းရှောင်တာတွေ ဖြစ်ပွားခဲ့တဲ့အခြေအနေမှာ စစ်ကောင်စီက စစ်မှုထမ်းစုဆောင်းရ ပိုခက်လာတဲ့အတွက် ရသမျှနည်းလမ်းပေါင်းစုံသုံးကာ လုပ်လာတာလို့ BACS က ဆိုပါတယ်။

ငွေကြေးနဲ့ စည်းရုံးတာ၊ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ အကျပ်ကိုင်ဖမ်းဆီးခေါ်ဆောင်တာတွေကို ပိုလုပ်လာခဲ့ပြီး အဲဒီလိုနည်းလမ်းမျိုးစုံနဲ့ စစ်မှုထမ်းစုဆောင်းနေတာကို မြို့ပေါ်တွေထက် ကျေးရွာတွေ လူမြင်ကွင်းမှာ မမြင်တွေ့ရနိုင်တဲ့ အခြေအနေမှာ အဓိကလုပ်ဆောင်ခဲ့တာလို့ အစီရင် ခံစာက ဖော်ပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က အခုနောက်ပိုင်း စစ်မှုထမ်းအပတ်စဉ်သင်တန်းသားတွေကို စစ်ကောင် စီက သူတို့စိတ်ကြိုက်သုံးလို့ရမယ့်လူကို နေရာမရွေး ဆွဲခေါ်သွားတဲ့ အနေအထားမျိုးဖြစ်သွားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ အပတ်စဉ် ၅ နဲ့ ၆ မှာ စစ်တပ်က သူတို့ စိတ်ကြိုက်လူတွေကို ဆွဲထည့်တဲ့အနေအထားမျိုး ဖြစ်သွားပြီး အုပ်ချုပ်ရေးမှူးတွေကိုတောင်မှပဲ တာဝန်ခံခိုင်းတာမဟုတ်ဘဲနဲ့ အိမ်ထဲလမ်းထဲ ရပ်ကွက်ထဲ ခရီးသွားလာနေတဲ့အထဲထဲအထိ သူတို့ရရာလူ စိတ်ကြိုက်သုံးလို့ရမယ့် မျက်မြင်အရ စစ်မှုထမ်းနိုင်မယ့် သူမျိုးတွေကို ရွေးချယ်ပြီး ဇွတ်အဓမ္မခေါ်သွားတဲ့ အနေအထားလို့ ပြောရမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

စစ်မှုထမ်းစုဆောင်းရ ခက်ခဲလာတဲ့ စစ်ကောင်စီအနေနဲ့ စစ်မှုထမ်းမယ့်သူတွေရရှိစေဖို့ ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာနိုင်ငံဘက် ပြန်ပို့ခံရတဲ့လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက် တိုက်လုပ်ဆောင်လာနေတယ်လို့ သတင်းဌာနတွေဆီက ကိုးကားပြီး BACS က ဖော်ပြပါတယ်။

အဲဒီထဲမှာ ထိုင်းနိုင်ငံဘက်ကနေ ပြန်ပို့ခံရပြီးနောက် စစ်မှုထမ်းစုဆောင်းခံရသူ ၂၇ ဦးဟာ မြိတ်မြို့ကနေတဆင့် ပလောက်မြို့ရှိ တတက ၁၂ ကို ပို့ဆောင်

ခံရစဉ် လမ်းမှာအစောင့်တပ်သားတွေကို သေနတ်လုယူထွက်ပြေးခဲ့တာပါ။

အဲဒီ‌နောက် KNU တပ်မဟာ ၄ ရှိ KNDO တပ်ရင်း ၇ တပ်ခွဲ ၅ ထံ လာရောက်ခိုလှုံခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

တစ်ဘက်မှာ စစ်ကောင်စီက ထိန်းချုပ်နယ်မြေများစွာ ဆုံးရှုံးလာနေတာကြောင့် သတ်မှတ်ထားတဲ့အရေအတွက်ပြည့်မီအောင် စစ်မှုထမ်းစုဆောင်းရာမှာ ကောင်းစွာထိန်းချုပ်နိုင်တဲ့ ဒေသတွေကို အ ဓိကပစ်မှတ်ထား လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်မှုထမ်းသင်တန်းသားသစ်တွေကို စစ် တပ်ထောက်ခံသူတွေ၊ လမ်းမပေါ် သွားလာသူတွေနဲ့ တောင်ယာခြံလုပ်သားတွေကို အတင်းတက်ခိုင်းတာရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ လေ့လာထားရှိရသလောက် စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားအသစ်တွေကို သုံးမျိုးသုံးနည်းနဲ့ စုဆောင်းနေတယ်လို့ တွေ့ရှိရပါတယ်။ ပထမနည်းက သူတို့ကို ထောက်ခံအပေးတဲ့လူတွေကို သင်တန်းသားအဖြစ် သွတ်သွင်းတာရှိတယ်။ ဥပမာ စစ်သားသားသမီးတွေ ကြွံ့ဖွတ်အဖွဲ့ဝင်တွေ

နောက်ရှိသေးတယ်ဗျ။ လမ်းပေါ် အချိန်မတော် သွားလာသူတွေ ပြီးတော့ အလုပ်ကပြန်လာနောက်ကျသူတွေ ကျေးရွာနဲ့ဝေးတဲ့ တောင်ယာခြံတွေမှာ အလုပ်

လုပ်နေတဲ့ လုပ်သားတွေကို ဖမ်းဆီးပြီး စစ်သင်တန်းအတင်းတက်ခိုင်းတာ ကျွန်တော်တို့ တွေ့ရတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကတဆင့် စစ်မှုထမ်းစုဆောင်းရာမှာ မွန်ပြည်နယ်ဘက်မှာ ပါဝင်မှု အရမ်းနည်းတဲ့အပေါ် ငွေကြေးကောက်ခံပြီး ရွေ့ပြောင်းလုပ်သားတွေ ဆင်းရဲနွမ်းပါးသူတွေကို ဌားရမ်းတာလည်းရှိတယ်လို့ သူကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်းဟာ အပတ်စဉ် ၅ အထိ လူဦးရေ ၂၁၀၀၀ ထက်မနည်း စုဆောင်းခံထားရပြီး အပတ်စဉ် ၁ ကနေ ၃ အထိ သင်တန်းဆင်းတွေကို ရှေ့တန်းပို့ဆောင်တဲ့အထိ ရှိလာနေတယ်လို့ BACS ကဆိုပါတယ်။

အပတ်စဉ် ၃ အထိ သင်တန်းဆင်းဦးရေအနေနဲ့ ၁၃၀၀၀ ကျော်အထိရှိလာနေပြီး အဲဒီအရေအတွက်ဟာ မနည်းလှတဲ့ပမာဏဖြစ်ပြီး တပ်မ ၂ ခု စာထက်မနည်းတဲ့ အရေအတွက်ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့တန်းပို့ခံရတဲ့ သင်တန်းဆင်းတွေမှာ ထိခိုက်သေဆုံးမှု အများအပြားရှိလာနေပြီး ထွက်ပြေးသူတွေလည်း ရှိနေတာပါ။

BACS အနေနဲ့ အရေအတွက်အတိအကျကို ကောက်ယူနိုင်ခြင်း မရှိသေးပေမယ့် ပြုန်းတီးအင်အားဟာ စုဆောင်းရရှိတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် စစ်‌ကောင်စီအတွက် အင်အားများစွာကျန်ရှိနေတာကို ခန့်မှန်းနိုင်တယ်လို့ ဆိုထားပါတယ်။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...