KIA က ချီဖွေနဲ့ဆော့လော်ကို တိုက်ခိုက်သိမ်းပိုက်၊ လက်ရှိ ပန်ဝါနဲ့ကန်ပိုက်တီဘက် စစ်ရေးတင်းမာနေ

KIA က ချီဖွေနဲ့ဆော့လော်ကို တိုက်ခိုက်သိမ်းပိုက်၊ လက်ရှိ ပန်ဝါနဲ့ကန်ပိုက်တီဘက် စစ်ရေးတင်းမာနေ

- ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဟာ ဒီအပတ်အတွင်း ချီဖွေမြို့နဲ့ဆော့လော်မြို့ ၂ မြို့စလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိမှာ တရုတ်နယ်စပ် ပန်ဝါနဲ့ ကန်ပိုက်တီဘက်မှာ စစ်ရေးဆက်လက်တင်းမာနေပါတယ်။

-   ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တဲ့အပြင် မြေပြင်ကပါ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေကြောင့် စိုးရိမ်တဲ့ဒေသခံပြည်သူတွေ မြို့ထဲကနေ ပြန်လည်ထွက်ခွာတိမ်းရှောင်နေကြပါတယ်။

- တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမကြီးပေါ်ရှိ မန်ပန်ရွာနဲ့ နောင်းမီရွာတစ်ဝိုက် ရွှေတူးဖော်နေတဲ့လုပ်ငန်းရှင်တွေကို ဒေသခံတွေ မောင်းထုတ်လိုက်ပြီဖြစ်ပေမဲ့ ပြန်လည်ဝင်ရောက်လာပြီး ထပ်မံ ရွှေတူးဖော်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

October 5, 2024
ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေကို ဆန့်ကျင်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ ကြေညာလိုက်ပါတယ်...
October 4, 2024
- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေမှာ အာရက္ခတပ်တော် (ULA/AA)က...
October 3, 2024
- စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေအတွက် သင်ကြာရေးနည်းပညာပိုမိုအဆင့်မြင့်လာစေဖို့ ၃ ရက်တာ...
October 2, 2024
- ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာက စစ်ဘေးရှောင် ၇,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာတွေ...