Published
Monday, September 23, 2024
၂ ပတ်ကျော်လာပြီဖြစ်တဲ့ ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားသေဆုံးမှု အယောက် ၄၀ နီးပါးရှိ
- ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိုင်းတောင်က တိုက်ပွဲတွေဟာ ၂ ပတ်ကျော်လာပြီဖြစ်ပြီး အရပ်သားသေဆုံးမှု အယောက် ၄၀ နီးပါးရှိနေသလို ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်း အယောက် ၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။
- ကိုးကန့်တပ် MNDAA က အပစ်အခတ် ချက်ချင်းရပ်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းကာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွေ လုပ်သွားမယ်လို့ ထုတ်ပြန်ပါ တယ်။
- လိင်အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေအတွက် အမှန်တရား ပေါ်ပေါက်ရေးအတွက် ထိခိုက်ခံစားရတဲ့အမျိုးသမီးတွေရဲ့အသံတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဖို့ အရေးကြီးတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ရုပ်ရှင်တိုပြသပွဲမှာ ပြောဆိုလိုက်ပါတယ်။