Published
Monday, September 16, 2024
မောင်တောမြို့ရှိ နခခ - ၂ စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ၊ ၅၀ ကျော် ပွဲချင်းပြီးသေဆုံး
- ရခိုင်ပြည် မောင်တောမြို့ရှိ နခခ - ၂ စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်သုံ့ပန်းတွေ၊ ရိုဟင်ဂျာတွေနဲ့ အရပ်သားအကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
- စစ်မှုထမ်းဖို့ အဓမ္မစုဆောင်းခံရတဲ့လူငယ်တွေဟာ အစောင့်စစ်သား နှစ်ယောက်ကိုတိုက်ခိုက်ပြီး KNU ထားဝယ်ခရိုင်၊ တပ်မဟာ ၄ နယ်မြေထဲ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။
- မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းတွေ ပြန်မလည်ပတ်နိုင်သေးတဲ့ အတွက် ကျောက်မျက်လုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံတွေ စားဝတ်နေရေးအခက်တွေ့နေကြပါတယ်။