Published
Sunday, September 01, 2024
စစ်ကောင်စီက ဗန်းမော်မြို့မကျရေးအတွက် မိုးမောက်နဲ့မံစီဘက် စစ်ကြောင်းထိုးကာ တန်ပြန်ခုခံဖို့ကြိုးစား
- ဗန်းမော်မြို့အနီး တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး စစ်ကောင်စီက ဗန်းမော်မြို့မကျရေးအတွက် မိုးမောက်နဲ့မံစီဘက်ကို စစ်ကြောင်းထိုးကာ တန်ပြန်ခုခံဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
- မြစ်ကြီးနား - မန္တလေးကားလမ်းပိတ်ထားတာကြောင့် မြစ်ကြီးနားမှာ ကုန်ပစ္စည်းတွေပြတ်လပ်လာနေပြီး ကုန်စျေးနှုန်းတွေလည်း ဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ထိုင်းနိုင်ငံ ချင်းမိုင်မြို့ထဲက ညစျေးတစ်ခုမှာ စျေးရောင်းရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ကချင်တိုင်းရင်းသားတချို့က တိုင်းတစ်ပါးမှာ ဘယ်လိုရပ်တည်ရုန်းကန်နေရသလဲဆိုတာကိုလည်း တင်ဆက်ပေးမှာဖြစ်ပါတယ်။