မတူပီမြို့ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်း

မတူပီမြို့ အုပ်ချုပ်ရေးလုပ်ငန်းဖော်ဆောင်ရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်း

ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မတူပီမြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းကြောင်း CDF – မတူပီ၊ တပ်မဟာ -၁၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ ပြည်သူလူထုတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ အခြေခံစားသောက်ကုန်များ၊ မြို့တွင်းရေ ရရှိနိုင်ရေးတို့တွက် ဆက်လက်လုပ်ဆောင်နေဆဲပါ။ မကြာခင် စစ်ရှောင်တွေ ဝင်ရောက်နေထိုင်နိုင်အောင် လုပ်ဆောင်နေဆဲပါ။ စစ်ဘေးရှောင်တွေ ပြန်လည်နေထိုင်ဖို့က စာနဲ့ ထုတ်ပြန်သွားမှာပါ။ အမြန်ဆုံး နေထိုင်နိုင်အောင် ကြိုးစားနေပါတယ်” ဟု မတူပီမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လူထုအတွက် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဆောင်ရန် ဇူလိုင်လ ၂၀ ရက်က မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

CDF- မတူပီ၊ တပ်မဟာ – ၁ ထိန်းချုပ်နယ်မြေဖြစ်သည့် မတူပီမြို့အပါအဝင် တိုက်နယ် (၄) ခုတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် CDF – မတူပီ၊ တပ်မဟာ- ၁ မှ တာဝန်ရှိသူများ၊ တိုက်နယ် ၄ ခုမှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများစုစုပေါင်း ၄၀ ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

မတူပီမြို့ကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး ရက်ပေါင်း ၂၀ ကျော်တွင် မြို့နယ်ပအဖအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

CDF- မတူပီ၊ တပ်မဟာ – ၁ ၊ မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ချင်းညီနောင်နှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့၏ နိုင်ငံရေးလမ်းစဉ်အတိုင်း လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်သည့် CDF – မတူပီ၊ တပ်မဟာ – ၂ ၏ မတူပီမြို့နယ်အတွင်းက ထိန်းချုပ်နယ်မြေများတွင် ပြည်သူအုပ်ချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလက ဖွဲ့စည်းခဲ့သည့် မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးပြီဖြစ်ကြောင်း၊ ပြန်လည်ဖွဲ့စည်းလိုက်သော မတူပီမြို့ပအဖ အဖွဲ့က ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်ဟူသမျှ ကင်းစင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ လူ့ဘောင်သစ် တည်ဆောင်မည်ဟု ယင်းအဖွဲ့သစ်ကပြောဆိုထားသည်။

Most read this week

September 23, 2024
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် လပိုင်းအရွယ် အပါအဝင်...
September 23, 2024
Zo Reunification Organization (ZORO) ဦးဆောင်မှုဖြင့်  အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်...
September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...