တရုတ်ကိုယ်စားလှယ်နှင့် နေပြည်တော်တွင်ဆွေးနွေးမှု ရှမ်းမြောက်နှင့် ရခိုင်အရေးပါနိုင်

တရုတ်ကိုယ်စားလှယ်နှင့် နေပြည်တော်တွင်ဆွေးနွေးမှု ရှမ်းမြောက်နှင့် ရခိုင်အရေးပါနိုင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတို့ ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

မစ္စတာတိန့်ရှီးကျွင်းနှင့် စစ်ကောင်စီဝန်ကြီး ဦးသန်းဆွေတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များလည်း ပါဝင်ကြောင်း ထုတ်ပြန်သည်။

ဆွေးနွေးမှုများထဲ ရှမ်းမြောက်နှင့် ရခိုင်ဒေသအရေးများလည်း ပါဝင်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိ အပစ်ရပ်ရှမ်းမြောက်ဒေသ TNLA နယ်မြေထဲ စစ်ကောင်စီနှင့် စစ်ရေးတင်းမာမှုရှိနေပြီး ရခိုင်တွင်လည်း တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်ထိ တိုက်ပွဲနယ်မြေကျယ်ပြန့်လာသည်။

တရုတ်ကြားဝင်မှုကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ ဇန်နဝါရီလ ဟိုင်ဂင်သဘောတူညီချက်ဖြင့် အပစ်ရပ်ခဲ့ကြသော်လည်း ယင်းစာချုပ်ကို စစ်ကောင်စီက အကြိမ်ကြိမ် ချိုးဖောက်လျက်ရှိသည်။

နောင်ချိုမြို့နယ်ရှိ TNLA စခန်းကို စစ်ကောင်စီက မေ ၁၈ ရက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် TNLA တပ်သားတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ခြင်းအပါဝင် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်တိုက်ရှိခဲ့သည်။

ထို့အတူ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းအနီးတွင် စစ်ကောင်စီနှင့် AA တို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ကြသည်။

ကျောက်ဖြူတွင် တရုတ်၏ ရေနံနှင့်သဘာဝဓာတ်‌ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းများရှိနေသဖြင့် ၎င်းတို့ အကျိုးစီးပွားထိခိုက်မည်ကို စိုးရိမ်သဖြင့် တရုတ်က လာတွေ့ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းရှိ စီမံကိန်းများသို့ ယခုလဒုတိယအပတ်က တရုတ်သံရုံးမှ အရာရှိ ၈ ဦး သွားရောက် စစ်ဆေးခဲ့ပြီး ရက်အနည်းငယ်အကြာတွင် တရုတ်အထူးကိုယ်စားလှယ်သည် နေပြည်တော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

လက်ရှိ AA သည် ရခိုင်ပြည် မြောက်ပိုင်းဒေသ အားလုံးနီးပါးကို သိမ်းပိုက်ထားပြီး စီးပွားရေးအရ အရေးပါသည့် မောင်တော၊ သံတွဲနှင့် ကျောက်ဖြူမြို့ကိုပါ သိမ်းပိုက်ရန် ကြိုးစားနေသည်။

Most read this week

စက်တင်ဘာလအတွင်း တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ လေကြောင်းဗုံးကြဲခံရမှု။
November 26, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့်...
November 26, 2024
ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး‌ဟောင်း...
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ‌ရှေ့တန်းစစ်မြေပြင်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - TNLA)
November 25, 2024
လက်ရှိဖြစ်ပွားနေသည့် စစ်ရေးတင်းမာမှုများအပေါ် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် အသင့်ရှိနေကြောင်း...
စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင်ကို ၂၀၂၂ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
November 25, 2024
စစ်ကောင်စီထိန်းချုပ်ထားသည့် ရခိုင်ပြည်၏မြို့တော် စစ်တွေမြို့တွင် စက်သုံးဆီအပါအဝင် စားသောက်ကုန်...