Published
Friday, June 07, 2024
ချင်းပြည်မှာ စစ်ကောင်စီအမြန်ဆုံးကင်းစင်ရေးအတွက် ဗျူဟာကျတဲ့နေရာတွေကို ဦးစားပေးသိမ်းပိုက်ဖို့ဆွေးနွေး
- ချင်းပြည်အတွင်း စစ်ကောင်စီအမြန်ဆုံးကင်းစင်ရေးအတွက် ဗျူဟာကျတဲ့နေရာတွေကို ဦးစားပေး သိမ်းပိုက်ဖို့ ကာကွယ်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ ချင်းလဲန်းကောင်စီအတွင်းရေးမှူးက ပြောပါတယ်။
- ချင်းပြည်အတွင်းက ဒေသခံပြည်သူတွေကို အသေးစား ချေးငွေပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ငါးသိန်းတန် ရှေ့ပြေးစီမံကိန်းကို NUG အစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
- ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ပေါ်မှာ စခန်းသိမ်းတိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ကြတာကြောင့် ပြည်သူအများစုဟာ မေလကုန်ပိုင်းကစပြီး မကွေးတိုင်း ပခုက္ကူမြို့နဲ့ တခြားဒေသတွေကို ကြိုတင်ပြောင်းရွှေ့တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။