လွိုင်ကော်မြို့မှာ တာဝန်မထမ်းဆောင်လိုတဲ့ ပညာရေးဝန်ထမ်းတွေ အပြောင်းရွေ့တင်သူများလာ

လွိုင်ကော်မြို့မှာ တာဝန်မထမ်းဆောင်လိုတဲ့ ပညာရေးဝန်ထမ်းတွေ အပြောင်းရွေ့တင်သူများလာ

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ထမ်းတွေဟာ တာဝန်မထမ်းဆောင်လိုတာကြောင့် တခြားမြို့နယ်တွေကို ပြောင်းရွေ့တင်ထားကြတဲ့သူတွေ များလာတယ်လို့ ပညာရေးအသိုင်းအဝန်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

လာမယ့် ဇွန်လအတွင်း လွိုင်ကော်မြို့မှာ စစ်ကောင်စီက ကျောင်းတွေပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်ထားပြီး တာဝန်ထမ်းဆောင်ဖို့ ပညာရေးဝန်ထမ်းတွေကို ပြန်ခေါ်နေပေမယ့် အပြောင်းရွေ့တင်သူလည်း ရှိနေတာ ဖြစ်ပါတယ်။

“ တိုက်ပွဲတွေလည်း မဖြစ်တော့ဘူးလို့ ပြောလို့မရသေးဘူး။ ဝန်ထမ်းဆိုတော့ ကျောင်းဖွင့်ရာသီမှာ ကျောင်းပြန်တက်မှရမယ်ဆိုတော့ အဲ့ဒီမှာ တာဝန်မထမ်းဆောင်ချင်တာနဲ့ တခြားကျောင်းကိုတက်ရဖို့ ပြောင်းရွေ့တင်လိုက်တာ။” လို့ အမည်မဖော်လိုတဲ့ Non-CDM ဆရာမတစ်ဦးက ပြောပါတယ်။

ပညာရေး ဝန်ထမ်းဆရာ/ ဆရာမတွေကိုလည်း စစ်ကောင်စီက ကျောင်းဖွင့်ရာသီအတွင်း မဖြစ်မနေ လွိုင်ကော်မြို့မှာ ပြန်လည်နေထိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းအပ်ရက်သတ္တပတ် အဖြစ် စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပြီး ကျောင်းအပ်လက်ခံနေပါတယ်။

လွိုင်ကော်မြို့ပေါ်က အထက ( ၁ ) ကျောင်းမှာလည်း စစ်ကောင်စီက ကျောင်းအပ်လက်ခံနေတယ်လို့ စစ်ကောင်စီပိုင် သတင်းမီဒီယာကနေ ဖော်ပြထားပါတယ်။ စစ်ကောင်စီက စာသင်ကျောင်းတွေကို ဇွန်လ ၃ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။

ကရင်နီပြည်မှာတော့ စစ်ကောင်စီလက်အောက်ကနေ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖွင့်လှစ်နိုင်တဲ့ အထက်တန်းကျောင်းဟာ လွိုင်ကော်မြို့ အ.ထ.က ( ၁ ) နဲ့ အ.ထ.က ( ၅ ) ကျောင်းနှစ်ကျောင်းသာ ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လွိုင်ကော်မြို့ပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား နယ်မြေအသာစီးယူနိုင်ဖို့အတွက် လက်ရှိမှာတော့ နှစ်ဖက် တိုက်ပွဲတွေဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Most read this week

November 28, 2024
ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်) ၊ ညနေပိုင်း ၃နာရီအချိန်မှာ စစ်ကောင်စီရဲ့ ဖယ်ခုံအခြေစိုက် ခမရ ၄၂၁...
November 27, 2024
ထိုင်း – ကရင်နီနယ်စပ်က ဒေါနိုးကူး စစ်ရှောင်စခန်းမှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားတွေ အ‌...
November 26, 2024
စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည် တစ်ပြည်နယ်လုံးရှိ စစ်ဘေးရှောင်စခန်းတွေမှာ စစ်လက်နက်ကြောင့်...