- WAN-IFRA WIN ရဲ့ ၂၀၂၄ ခုနှစ်အတွက် Women in News Editorial Leadership Award အရှေ့တောင်အာရှကိုယ်စား ကေအိုင်စီအယ်ဒီတာချုပ် နန်းဖော့ဂေ ဆုချီးမြင့်ခံရပါတယ်။
- မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစနစ်အသွင်ထူထောင်ဖို့နဲ့ စစ်ဘေးတိမ်းရှောင်နေရတဲ့ မြန်မာနိုင်ငံကဒုက္ခသည်ပြည်သူအတွက် လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)တို့က ဂျပန်အစိုးရကိုတောင်းဆိုခဲ့တယ်လို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
- ထိုင်း-မြန်မာနယ်စပ် တစ်လျှောက် ကုန်ဈေးနှုန်းပြန်လည် မြင့်တက်လာတာနဲ့အတူ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ လျော့နည်းသွားတဲ့အတွက်ကြောင့် ထိုင်းနိုင်ငံထဲမှာ နှစ်ပေါင်း ၃၀ ကျော် နေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်ပြည်သူလူထုတွေဟာဆိုရင် စားဝတ်နေရေးလည်ပတ်မှုတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။