- ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူတိုင်း စာရင်းသွင်းဖို့ ဆင့်ခေါ်မှုတွေကို စစ်ကောင်စီက စတင်ဆောင်ရွက်နေပြီလို့ သိရပါတယ်။
- ချင်းပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ဟားခါးမြို့ကို သိမ်းပိုက်နိုင်ရေး ရုန်းတောင်စစ်ဆင်ရေး(Rung Operation)အမည်နဲ့ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တဲ့အတွက် လက်နက်တွေ၀ယ်ယူရေး အားဖြည့်ပါ၀င်ကြဖို့ CDF-Hakha က တောင်းဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း ကလေးမြို့မြောက်ပိုင်း ပျဉ်းခုံလေးကျေးရွာထဲ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် ဒေသခံပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ သိရပါတယ်။