Published
Monday, March 18, 2024
KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ လိုင်ဇာအနီးတစ်ဝိုက်ရှိ စစ်ကောင်စီရဲ့တပ်စခန်းကုန်းအားလုံးကိုသိမ်းပိုက်
- ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဌာနချုပ် လိုင်ဇာအနီးတစ်ဝိုက်မှာရှိတဲ့ လိုင်ဇာကိုလက်နက်ကြီးနဲ့ပစ်နိုင်တဲ့ စစ်ကောင်စီရဲ့တပ်စခန်းကုန်းတွေအားလုံးကို သိမ်းပိုက်လိုက်ပါတယ်။
- မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ သမိုင်းဝင် စစ်ဆင်ရေးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။
- စစ်ကောင်စီရဲ့နိုင်ငံရေးဝှက်ဖဲတွေနောက်မှာ မျှောပါမသွားဘဲ လုပ်စရာရှိတာကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆို လိုက်ပါတယ်။