တနင်္သာရီမြို့နယ်တွင် ရေလမ်းကြောင်းမှတစ်ဆင့် ဆန်အိတ်သယ်ယူမှု စစ်ကောင်စီကန့်သတ်

တနင်္သာရီမြို့နယ်တွင် ရေလမ်းကြောင်းမှတစ်ဆင့် ဆန်အိတ်သယ်ယူမှု စစ်ကောင်စီကန့်သတ်
Photo: CJ
Photo: CJ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ကျေးရွာများတွင် ရေလမ်းကြောင်းမှတဆင့် ဆန်အိတ် သယ်မှုကို စစ်ကောင်စီတပ်က ကန့်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုမတ်လပထမအပတ်မှစတင်ပြီး တနင်္သာရီမြို့နယ်တွင် ရေလမ်းကြေင်းမှတဆင့် စက်လှေဖြင့် ဆန်အိတ်များ သယ်ဆောင်ရာတွင် (၅) အိတ်ထက်ပို၍ သယ်ဆောင်ခွင့်မပေးတော့ဘဲ သတ်မှတ် အိတ်ရေထက် ပိုမိုသယ်ဆောင်လျှင် စစ်ကောင်စီတပ်က သိမ်းဆည်းလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဆန်အိတ်ငါးအိတ်ထက် သယ်လို့ မရတော့ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဆန်အိတ်တွေ PDFတွေကို မပေးနိုင်အောင်ဆိုတဲ့ သဘောနဲ့လုပ်နေတာ။ ကုန်းလမ်းကြောင်းကနေ သယ်လို့လည်းမရဘူး။ ပြီးခဲ့တဲ့ လကတည်းက ကန့်သတ်ထားတာ ကုန်းလမ်းကြောင်းကတော့။ အကယ်၍ ငါးအိတ်ထက် ပိုသယ် မယ်တိုရင် စစ်တပ်က အကုန်ယူချ လိုက်တာ တွေရှိတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

၎င်းအပြင် မြိတ်-တနင်္သာရီ ကုန်းလမ်းပိုင်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ စစ်ဆေး ရေးဂိတ် များတွင် ဆန်အိတ်သယ်ယူခွင့်ကို ကန့်သတ်ထားသည့်အပြင် ရေလမ်းကြောင်းမှလည်း စစ်ဆေးရေး ဂိတ်များကို တိုးချဲ့ဆောက်လုပ်ကာ တားမြစ်စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက တနင်္သာရီမြို့နယ်ရှိ ကျွန်းစုကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် တော် လှန်ရေးတပ်ဖွဲ့ဝင်များကြား ရက်ရှည်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ယခုလို ဒေသခံများ ဆန်သယ်ဆောင်မှုကို ကန့်သတ်မှုလုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ပြောသည်။

“ပြီးခဲ့တဲ့လက လဝက်နီးပါးလောက် တိုက်ပွဲဖြစ်သွားတာဆိုတော့ အဲ့မှာ စစ်တပ်ဘက်ကလည်း တော် တော် အထိနာသွားတယ်။ အဲ့တာကြောင့် ပိတ်လိုက်တာ။ တချို့ရွာတွေဆို ရေလမ်းကြောင်း လောက်ပဲ ပေါက်တာ အဲ့လိုရွာတွေကျတော့ လတ်တလောမှာ အဆင်ပြေနိုင်ပေမဲ့ အချိန်ကြာလာရင် စားနပ်ရိက္ခာ ပြတ်လပ်တဲ့ အနေအထားထိ ဖြစ်လာနိုင်တယ်။”ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အတူ စစ်ရှောင်ဒေသခံ (၁၀၀၀၀) ကျော်ရှိသည့် ထားဝယ်ခရိုင်၊ အရှေ့တောနယ်ဒေသတွင်လည်း စစ်ကောင်စီမှ စားနပ်ရိက္ခာနှင့်ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားသောကြောင့် ဒေသခံများအနေဖြင့် စားနပ်ရိက္ခာအကြပ်တည်းနှင့် ရင်ဆိုင်နေကြရကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

ယခုလို ဆန်နှင့် စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်ခရိုင် အရှေ့တောနယ်ဒေသ၊ ပုလောမြို့နယ်၊  ပလမြို့နယ်၊ ပလောက်မြို့နယ်၊ သရက်ချောင်းမြို့နယ် နှင့် တောင်ပျောက်တိုက်နယ်ဘက်တွင်လည်း စစ်ကောင်စီတပ်က ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။

Most read this week

October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...