Published
Friday, January 05, 2024
နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ “ချင်းညီနောင်” မဟာမိတ်ကို လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ကဖွဲ့စည်း
- ၂၀၂၄ ခုနှစ်ဟာ ချင်းပြည်အတွက် အလွန်အရေးကြီးတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး အရေးတကြီး အကောင်အထည်ဖော်ရမယ့်အချက် ၄ ချက်ရှိတယ်လို့ ချင်းလဲန်းကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောဆိုလိုက်ပါတယ်။
- နိုင်ငံရေး၊ စစ်ရေးတွေကို ပူးပေါင်းဆောင်ရွက်ဖို့ “ချင်းညီနောင်” မဟာမိတ်ကို ချင်းလဲန်းကောင်စီညီလာခံ မတက်ရောက်တဲ့ ZFU/PDF-Zoland၊ CNO/CNDF နဲ့ CNC/ CDF- Mindat တို့က ဖွဲ့စည်းလိုက်ကြပါတယ်။
- ချင်းပြည်နယ်မှာ ခွင့်ယူထားတဲ့ ရဲဘော်၊ ရဲမေတချို့က တပ်ဖွဲ့နာမည်ကို အလွဲသုံးစားမှုတွေရှိလာတာကြောင့် မိခင်တပ်ရင်းတွေဆီကို ပြန်လာကြဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီက ဆင့်ခေါ်လိုက်ပါတယ်။