ကြာအင်းဆိပ်ကြီးနှင့် ချောင်းနှစ်ခွတွင် စစ်တပ်နှင့် BGF တပ်များ တပ်အင်အားတိုးပြီး ဒေသခံများကို ရှောင်တိမ်းခိုင်းနေ

ကြာအင်းဆိပ်ကြီးနှင့် ချောင်းနှစ်ခွတွင် စစ်တပ်နှင့် BGF တပ်များ တပ်အင်အားတိုးပြီး ဒေသခံများကို ရှောင်တိမ်းခိုင်းနေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့ နယ် ထိစပ်နေသည့် ချောင်းနှစ်ခွ ၊ တောင်ကလေးကျေးရွာများဘက်တွင် စစ်တပ်နှင့် BGF-ကရင်နယ်ခြားစောင့်တပ်များ စစ်အင်အား အလုံးအရင်းဖြင့် ဇန်နဝါရီ ၁ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်အင်အားတိုးချဲ့ပြီး ဒေသခံ များကို နေရာရွှေ့ပြောင်းရှောင်တိမ်းခိုင်းနေကြောင်း သိရသည်။

ဒေသခံတစ်ဦးက “အခုက BGF တွေ အများကြီး ရောက်လာတယ်။ ချောင်းနှစ်ခွနေရာအစုံ ပြန် တပ်စွဲနေတယ်။ စစ်တပ်က ကြာအင်းဆိပ်ကြီးမှာ လူတွေ မနေခိုင်းဘူး။ အကုန်ပြောင်းခိုင်းတယ်၊ ဆေးရုံ ကုန်း၊ ရုံးလမ်း၊ ကမ်းနားပိုင်း၊ ဈေးပိုင်း၊ ကားဝင်းနေရာတွေနဲ့သုံးဆူဘက်အထွက် လမ်းဂိတ်တွေ ဈေးဆိုင် တန်းတွေ အကုန်ပိတ်အကုန်ပြောင်းနေကြပြီ။ PDF တွေ၊ ကရင်အဖွဲ့တွေလာတိုက်ရင် မြို့ထဲ အလုံးကြီး ကျမယ်။ ပစ်ထည့်မယ်ဆိုပြီး တပ်ကပြောတော့ လူစောင့်လောက်ပဲထားပြီး မုဒုံဘက်၊ မော်လမြိုင်ဘက် ပြောင်းနေကြတယ်။”ဟု ပြောသည်။

ဒီဇင်ဘာလ ၃ ရက် ယမန်နေ့ နံနက်ပိုင်းက ချောင်းနှစ်ခွ တံတားကျိုးပျက်နေသည့် နေရာအား စစ်တပ် နှင့် BGF တပ်များ ဝင်ရောက်နေရာယူပြန်လည်စိုးမိုးထားပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များ ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်သို့ တိုက်ပွဲအရှိန်မြှင့် ပြန်လည် တိုက်ခိုက်လာမည်ကို ခံစစ်ပြင်ဆင်နေသည့်အတွက် စစ်တပ်က ဒေသခံများအား တိမ်းရှောင်ခိုင်း နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိ ကြာအင်းဆိပ်ကြီးမြို့တွင်း၊ မြို့ပြင် စစ်တပ်တပ်စွဲထားသည့်နေရာများနှင့် KNLA မဟာမိတ် ပူး ပေါင်း PDF တပ်ဖွဲ့ များ ပြောက်ကျားတိုက်ပွဲ ဆက်ဖြစ်နေဆဲဖြစ်သည်။ ထို့အတူ ကော့ကရိတ် မြို့ ဘက် တွင်လည်း စစ်ကောင်စီတပ်က ဒရုန်ဗုံးချတိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် အရပ်သား နှင့် တော်လှန်ရေးအဖွဲ့များ ထိခိုက်မှုများရှိနေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များ ပြောဆိုချက်အရ သိရသည်။

“အခုက စစ်တပ်က လက်နက်ကြီးနဲ့ မြို့ထဲရပ်ကွက်ထဲ ပစ်ထည့်တယ်။ ဒရုန်းနဲ့လည်း ဗုံးကြဲတယ်။ အောက်ခြေမြေပြင်မှာ သွားလာနေတာတွေကို ကင်းထောက်ကြည့်ပြီး ပစ်နေတာရှိတော့ တော်တော် သတိထားရတယ်။ အရပ်သားတွေ ရပ်ကွက်ထဲ ပြန်နေနေသူတွေလည်း ထိခိုက်တာအစမှန်တာတွေ ရှိ သလို PDF တွေလည်း ထိထားတာရှိနေတယ်”ဟု ကြာအင်းဆိပ်ကြီးနှင့် ကော့ကရိတ်ဘက်တွင် နှစ်ဖက် တိုက်ခိုက်နေသည့်အခြေအနေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လတ်တလောတွင် ကရင်ပြည်နယ်အတွင်း ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်းနှင့် ဝေါလေဒေသအတွင်း စစ်တပ်တပ်စွဲထားသည့် နေရာများနှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲအပြန် အလှန် ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေရှိနေကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေပြီး အာရှလမ်းမတွင် တိုက်ပွဲကြောင့် ကုန်ကားကြီး အစီးရေ ၂၀၀ ဝန်းကျင်ခန့်  ယနေ့အထိ ပိတ်မိ ရပ်တန့်နေဆဲဖြစ်ပြီး ကုန်ကားသမားနှင့် မိသားစုဝင်အချို့ နေထိုင်စားသောက်မှု အခက်အခဲကြုံနေကြရကြောင်း သိရသည်။

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...