Published
Saturday, December 23, 2023
ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်နဲ့တာလောကြီးကြားမှာ စစ်ရေးတင်းမာ၊ ဒေသခံတချို့တိမ်းရှောင်
- ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်နဲ့တာလောကြီးကြား လမ်းတစ်လျှောက်မှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
- ဝိုင်းမော်မြို့နယ်နဲ့ လီဒိုလမ်းတစ်လျှောက်မှာ စပါးရိတ်ခြွေစက်မရှိတဲ့အပြင် အလုပ်သမားတွေ ရှားပါးသွားတာကြောင့် ဒေသခံလယ်သမားတွေ စပါးမရိတ်သိမ်းနိုင်သေးဘဲ အခက်ကြုံနေရပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို အလုံးစုံသိမ်းပိုက်ပြီးနောက် TNLA ဘက်က မန်တုံမြို့နဲ့နမ္မတူမြို့ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။