အပြစ်ပေးခြင်းမခံရခြင်းသည် စစ်တပ်အား ပြစ်မှုများ ဆက်လက် ကျူးလွန်စေသည်

အပြစ်ပေးခြင်းမခံရခြင်းသည် စစ်တပ်အား ပြစ်မှုများ ဆက်လက် ကျူးလွန်စေသည်
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်
ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်တပ်သည် အပြစ်ပေးအရေးယူမှုများမှ ကင်းလွတ်နေသည့် အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောဆိုလိုက်သည်။

၇၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နေ့အဖြစ် “လူ့ဂုဏ်သိက္ခာ နှင့်အညီ လွတ်လပ်မျှတခြင်းဆီ လှိုင်းများနှင့်အတူချီ” ဆိုသော စကားဝိုင်းဆွေးနွေးပွဲတွင် လူ့အခွင့်အရေး လှုပ်ရှားသူ များက ပြောဆိုလိုက်ကြခြင်း ဖြစ်သည်။

အမျိုးသမီးများ အဖွဲ့ချုပ် - မြန်မာနိုင်ငံ (WLB) အထွေထွေ အတွင်းရေးမှူး နာင်းမို့မို့ က စစ်တပ်၏ လူ့ အခွင့် အရေး ချိုးဖောက်နေသော ပုံစံများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“၂၀၂၁ မတိုင်ခင်တုန်းကဆို အထူးသဖြင့် ဒီ စောနပြောသလို သတ်ဖြတ်တာတို့ ဒီ အုပ်စုလိုက် သတ်ဖြတ်တာမျိုး တို့ ရွာလုံးကျွတ်မီးရှို့တာမျိုးတို့ ဘာတို့ဆိုတာက တကယ့်ကို စစ်ပွဲဖြစ်တဲ့ ဒီ conflict setting တွေမှာပဲ အများ စု ကျူးလွန်ခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် အခုဆိုလို့ရှိရင် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ကို သူက ကျူးလွန်တာ ဖြစ် တယ်ပေါ့နော။ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှု ဒီလို လူ့အခွင့်အရေး ကျူးလွန်မှုတွေသည် တကယ်ဆိုရင် သူ့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာရဲ့ ရာဇဝတ်မှုမြောက်တယ်ပေါ့နော။ စစ်ရာဇဝတ်မှု ၊ လူသားဖြစ်မှုကို ဆန့်ကျင် တဲ့ ရာဇဝတ်မှုတွေ မြောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်။ ဆိုတော့ ဒီနေ့ ဒီအချိန်အထိ ကျူးလွန် ခွင့် သူဘာဖြစ်လို့ ရနေတာလဲ ဆိုလို့ရှိရင် သူက ဒီတစ်သက်လုံး ကင်းလွတ်ခွင့် ပေါ့နော ပြစ်ဒဏ် ပေးခြင်းကနေ ကင်းလွတ်ခွင့်ကို သူရနေတဲ့ အတွက်ကြောင့်မို့လို့ ဒီနေ့ဒီအချိန်အထိကို သူက ဆက်လက် ကျူးလွန်နေတာ ဖြစ် တယ်ပေါ့လေ။”

လက်ရှိတွင် စစ်တပ်က ယခင့် ယခင်ကထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ဆက် လက် လုပ်ဆောင်လာနေဟု ဒီဇင်ဘာလ ၁၁ ရက်နေ့ ကျင်းပသည့် “လူ့ဂုဏ်သိက္ခာ နှင့်အညီ လွတ်လပ် မျှတခြင်း ဆီ လှိုင်းများနှင့်အတူချီ” ဆိုသော စကားဝိုင်းဆွေးနွေးပွဲတွင် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။

စစ်တပ်က လူ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်ပြီး ကျူးလွန်ခွင့်ရနေသည့် အဓိက အကြောင်းအရင်းများ နှင့် ပတ်သက်၍လည်း နာင်းမို့မို့က ယခုကဲ့သို့ ဆက်ပြောသည်။

“သူတို့က တစ်သက်လုံးကို ပြစ်ဒဏ်ပေးခြင်းကနေမှ ကင်းလွတ်တဲ့ဟာ အခုထိ အခွင့်ထူးခံ ဖြစ်နေတာပေါ့နော်။ သူတို့ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သူတို့ ကျူးလွန်နေလည်း သူတို့ကို ထိရောက်တဲ့ အပြစ် ပေး အရေးယူမှုတွေဟာ ဘယ်သူ့မှ မလုပ်ပေးနိုင်ခဲ့ဘူး။ ပြီးတွင်း ဥပဒေအရကလည်း ကျူးလွန်တဲ့သူကို ဘာမှ ထိရောက်တဲ့ အပြစ်ပေး အရေးယူ ခြင်းတွေ မပေးနိုင်ခဲ့သလိုမျိုး ကျမတို့ နိုင်ငံတကာရဲ့ ဥပဒေအရကို ကျမတို့ ကြည့်မယ် ဆိုလို့ရှိရင်လည်း ကျူးလွန်တဲ့ သူတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ကျမတို့က အများကြီး မလုပ် ဆောင်နိုင်ခဲ့တဲ့ အတွက်မို့လို့ လုပ်ဆောင်ဖို့တွေ ပျက်ကွက်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဒီလူတွေက ဒီနေ့ ဒီအချိန် အထိကို ဆက်ပြီးတော့ ကျူးလွန်တာဖြစ်တယ်။”

ယခုကဲ့သို့ အပြစ်ပေးအရေးယူမှုများမှ ကင်းလွတ်နေသည့် စစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ရေး လုပ်ဆောင် နေသည်ဟုလည်း အမျိုးသားညီညွတ်ရေး အစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်း က ပြောသည်။

“တိုက်ပွဲ စစ်ဘောင်တွေမြင့်လာတဲ့ 1027 operation နောက်မှာ ပြည်သူလူထုကို ပစ်မှတ်ထားပြီး တိုက်ခိုက် မီးရှို့ တဲ့ စစ်ရာဇဝတ်မှုတွေလည်း လုပ်လို့လာပါတယ်။ ဒီဟာနဲ့ ပတ်သက်လို့ ကျနော်တစ်ဖက်မှာ NUG  အစိုးရ အနေ နဲ့ ဒီဟာတွေကို ကာကွယ်နိုင်ဖို့အတွက် သံတမန်နည်း ၊ ကာကွယ်ရေးနည်း၊ အရပ်ဖက် အုပ်ချုပ်ရေး၊ စီးပွားရေး ပိတ်ဆို့မှုတွေ စတဲ့နည်းလမ်းတွေကို ဒီနေ့မျိုးစုံ ကျနော်တို့ လုပ်ဆောင်လျက်ရှိပါတယ်။ အာဏာရှင် တခုလုံး ချုပ်ငြိမ်းဖို့အတွက် တခြားသော လက်တွဲဖော် အဖွဲ့အစည်းအားလုံးနဲ့ ခိုင်ခိုင်မာမာ လက်တွဲပြီးတော့ အကြမ်း ဖက် စနစ်တစ်ခုလုံးကို ဖြိုဖျက်နိုင်ဖို့အတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။”

စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယခင်က စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့်၊ ဖြစ်ပွားခဲ့သည့် တိုင်းရင်းသားဒေသအသီးသီးက ဒေသခံများသာ ခံစားခဲ့ရခြင်း ဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး တော်တော်များများ၌ စစ်တပ်နှင့် တော်လှန်ရေး အဖွဲ့အစည်းများအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့ပြီးနောက် အဆိုပါ တိုက်ပွဲပွား ဖြစ် ပွားရာ ဒေသများတွင် နေထိုင်ကြသည့် အရပ်သားပြည်သူများကို စစ်တပ်က ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးအသုံးပြုခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း စသော လူ့အခွင့် အရေး ချိုးဖောက်မှုများ လုပ်ဆောင်လာခဲ့ကြသည်။

January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...
January 7, 2025
မြိတ်ခရိုင်အတွင်းရှိ စစ်ကောင်စီဂိတ်များတွင် ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်းများအတွင်း VPN...