KNU နှင့် တိုက်ပွဲများမှာ စစ်ကောင်စီ တစ်သောင်းကျော် ကျဆုံး

KNU နှင့် တိုက်ပွဲများမှာ စစ်ကောင်စီ တစ်သောင်းကျော် ကျဆုံး
မူး(မုန်း)မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သစ်ချဆိပ် စခန်းအား KNU မှ သိမ်းပိုက်
မူး(မုန်း)မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သစ်ချဆိပ် စခန်းအား KNU မှ သိမ်းပိုက်

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၁၆၀၈ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၁၀၇၄၁ ဦး ထိခိုက် သေဆုံးခဲ့သည်ဟု KNU က ပြောသည်။

KNU ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်နှင့် နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက စစ်ကောင်စီဖက် က ထိခိုက်သေဆုံး ဒဏ်ရာရခဲ့များခြင်းနှင့် ပတ်သက်၍ ပြည်သူလူထုထံ နိုဝင်ဘာလ တတိယပတ်တွင် ပြောကြားခဲ့ သည့် ရုပ်သံထဲတွင် ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

“၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အထူးသဖြင့်ကျနော်တို့နဲ့ တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားတဲ့ အကြိမ် နှုန်းကို ပြန်ကြည့်လိုက်တဲ့အခါမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီး ၂၀၂၃ စက်တင်ဘာလအထိ စာရင်းကို ပြန်ချုပ် လိုက်တဲ့ အခါမှာ ကျနော်တို့မှာ ကျနော်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်းဟာ ၁၁,၆၀၈ ရှစ် ကြိမ် ဖြစ်ပွားခဲ့ပါ တယ်။ အဲ့ဒါက စက်တင်ဘာလအထိပဲ ဖြစ်ပါတယ်။ အောက်တိုဘာလကို မထည့်ပေါင်းသေးပါဘူး။ ဒီလို တစ် သောင်းကျော်တဲ့ တိုက်ပွဲအကြိမ်ပေါင်းမှာ အကြမ်းဖက်စစ်ကောင်စီဖက်က ကျနော်တို့ သုတ်သင်ပြီး သွားတဲ့ အရေအ တွက် က ၁၀,၇၄၁ ဖြစ်ပါတယ်။ အဲဒါအပြင် ထိခိုက်ဒဏ်ရာ ရသူပေါင်းဟာ ခုနှစ်၇,၇၇၉ ယောက် ဖြစ်ပါ တယ်။ အဲ့ဒီ သေကြေဒဏ်ရာရသူပေါင်းကို ပြန်ပေါင်းလိုက်တဲ့အခါမှာ စစ်ကောင်စီဖက်က အရေအတွက် ဘယ် လောက်အထိ တိုးသွားသလဲဆိုတော့ ၁၈,၅၂၀ ဖြစ်ပါတယ်။”

ထို့အပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ တိုက်ပွဲများထဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်ပေါင်း ၇,၇၇၉ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပဒိုစောတောနီးက ပြောသည်။

နှစ်နှစ်ကျော် ကာလ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်မှာ လက်ရှိ စစ်ကောင်စီ၏ တပ်ဖွဲ့စည်းပုံအရ တပ်ရင်း နှစ်ဆယ်ကျော် ရှိနိုင်သည်ဟု ဆက်ပြောသည်။

ပဒိုစောတောနီး က “ဒီအရေအတွက်ဟာ စစ်ကောင်စီအတွက် အင်မတန်မှပဲ သွေးပျက်စရာကောင်းလှပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ဒီနေ့ဒီကာလမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့စည်းပုံအရ တပ်မ တစ်ခုကို တစ်ရင်း ၁၀ ရင်းနဲ့ ဖွဲ့ စည်းထားတယ်။ အဲဒီတပ်မ တစ်ခုမှာ တကယ်တမ်းကျတော့ သူ့ဖွဲ့စည်းပုံအရက တစ်သောင်းရှိရမယ် ဆိုပေမယ့် လို့ လက်တွေ့ မှာ သုံးထောင်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ စစ်မြေပြင်မှာ တကယ်စစ်ထွက်နိုင်တဲ့ တပ်မ တစ်ခုရဲ့ အရေအတွက်ဟာ ၇၀၀ ပဲ ရှိပါတယ်။ ဒါကျနော်တို့ ကိုယ်တွေ့ပါ။ အဲဒီ ၇၀၀ ကို တပ်မတစ်ခုစာနဲ့ တွက်လိုက် တဲ့အခါမှာ ကျနော်တို့ နယ်မြေမှာ ကျဆုံးသေကြေဒဏ်ရာရတဲ့ ၁၈,၅၂၀ဟာ တပ်မ အရေအတွက် ၂၆ ခုနဲ့ ညီမျှ ပါတယ်” ဟု ဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်သည် နိုင်ငံ၏ မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၌လည်း စစ်ကူမပို့နိုင် တော့သည့်အပြင် တစ်နိုင်ငံလုံးတွင် လိုအပ်နေသော တပ်အင်အားကိုလည်း ထပ်ပြီး မဖြည့်နိုင်တော့ဘူးဟု KNU က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးနေသည့်အပြင် ၎င်းတို့၏ တပ်စခန်း အများအပြားကိုလည်း တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားကြသည်။

Most read this week

October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...
October 19, 2024
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...