- ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကာလ နှစ်ပတ်ပြည့်လာတဲ့အချိန်မှာ ဆယ်ဂဏန်းလောက်ရှိတဲ့မြို့တွေနဲ့ စစ်ကောင်စီရဲ့စခန်းကြီးငယ်ပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ကြေညာပါတယ်။
- ကရင်နီပြည်မှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၃၀ နီးပါးအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော်ကျဆုံးပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း များခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ကြေညာပါတယ်။
- တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာစေတဲ့ အဓိက တရားခံဟာ စစ်ကောင်စီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။