၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်ပြည့်ချိန် မြို့ ၁၀ မြို့ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်ပြည့်ချိန် မြို့ ၁၀ မြို့ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်

- ရှမ်းပြည်မြောက်ပိုင်းက ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေးကာလ နှစ်ပတ်ပြည့်လာတဲ့အချိန်မှာ ဆယ်ဂဏန်းလောက်ရှိတဲ့မြို့တွေနဲ့ စစ်ကောင်စီရဲ့စခန်းကြီးငယ်ပေါင်း ၁၂၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ကြေညာပါတယ်။

- ကရင်နီပြည်မှာ အောက်တိုဘာလ တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ထိတွေ့တိုက်ပွဲ အကြိမ်ရေ ၃၀ နီးပါးအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော်ကျဆုံးပြီး  ထိခိုက်ဒဏ်ရာရတာတွေလည်း များခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ကြေညာပါတယ်။

- တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလာစေတဲ့ အဓိက တရားခံဟာ  စစ်ကောင်စီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ပါတယ်။

Most read this week

January 13, 2025
- ကချင်ပြည်နယ် မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက...
January 13, 2025
- တခြားဒေသကနေ မွန်ပြည်နယ်ကို ဖြတ်ကျော်သွားလာနေတဲ့ ခရီးသွားတွေကို စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ...
January 12, 2025
- စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့က မြို့ခံအများအပြား စစ်ရှောင်သွားကြပြီဖြစ်တယ်လို့ မြို့ခံတွေက...
January 11, 2025
- မွန်ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ အခုနှစ်အစပိုင်းမှာပဲ လျှပ်စစ်မီး ပြတ်တောက်မှု...