သျှမ်းပြည် စစ်ရှောင် ၂ သောင်း နီးပါးရှိလာ၊ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်

သျှမ်းပြည် စစ်ရှောင် ၂ သောင်း နီးပါးရှိလာ၊ စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်

သျှမ်းပြည် မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတလျှောက်ရှိ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂သောင်းနီးပါးထိရှိလာပြီး၊ စားနပ်ရိက္ခာ အကူအညီ အရေးပေါ်လိုအပ်နေကြသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်အပေါ် ဆင်နွှဲနေသည့် “စစ်ဆင်ရေး-၁၀၂၇”ကြောင့် ယနေ့ (အောက်တိုဘာ ၃၁) ရက်နေ့အထိ သျှမ်းပြည်မြောက်ပိုင်းရှိ လားရှိုး၊ သိန္နီ၊ နောင်ချို၊ ကျောက်မဲ နောင်ပိန်၊ ကွတ်ခိုင်၊ ချင်းရွှေဟော်နှင့် နမ့်တစ်မြို့များတွင် စစ်ဘေးရှောင်ဦးရေ ၂ သောင်းနီးပါး ထွက်ပြေးတိမ်းရှောင် နေကြရပြီး စားနပ်ရိက္ခာအကူအညီ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များနှင့် ဒေသခံများက ပြောသည်။

လားရှိုးမြို့နယ်တွင် မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော် ဖွင့်လှစ်ထားပြီး စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၆၀၀၀ ကျော်အထိ ရှိလာကာ ၎င်းတို့အထဲတွင် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်း၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်သည်ဟု လားရှိုး‌ဒေသခံများက ပြော သည်။

လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးက “အခုမန်ဆူကျောင်းမှာက စစ်ဘေးရှောင် ၃၀၀၀ ကျော်အထိ ရှိတာ။ လူအရမ်းများလာတော့ နေရာထိုင်ခင်း အခက်အခဲ ဖြစ်တာရှိ တယ်။ လိုအပ်တာကတော့ အကုန်လုံးလိုတယ်။ စောင်၊ ခြင်ထောင်၊ အိပ်ယာခင်းနဲ့ အဝတ်အစားတွေပေါ့။ အထူးသဖြင့် ကလေး ၁ နှစ် ၂ နှစ် အရွယ်တွေအတွက် ဘောင်းဘီ အဝတ်အစားတွေ လိုတာ” ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာ ဘုန်းကြီးကျောင်းများတွင်လည်း စစ်ဘေးရှောင်ဦးရေ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရပြီး ကျေးရွာများရှိ စစ်ဘေးရှောင်စခန်းများမှာ အကူအညီ မရောက်ရှိနိုင်ခြင်းများ ရှိနေသည်။

အလားတူ သိန္နီမြို့နယ်တွင်လည်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ဦးရေ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကနဦး သိရသော်လည်း ယင်းအရေအတွက်ထက် ပိုမိုများ ပြားနိုင်သည်ဟု သိန္နီမြို့ဒေသခံများက ပြောသည်။

သိန္နီမြို့ပေါ် ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသမီးက “စိုးရိမ်တာကတော့ အစား အသောက်ပဲ စိုးရိမ်တယ်။ လာလှူတဲ့သူ၊ လာကူညီတဲ့သူ မရှိဘူး။ မြို့အဝင် အထွက်လည်း လုပ်လို့မရဘူး။၊ တခြားသူတွေလည်း လာကြည့်လို့ မရတော့လေ။ ဒီမှာက ရေကို စက်နဲ့တင်ရတာ။ ရေကတော့ သောက်ရေ သုံးရေအတွက် ချွေတာရတာပေါ့။ ရေသန့်ကတော့ မရှိတော့ဘူး၊ ပြတ်နေ တယ်။ တချို့တွေဆို ရေသန့် တောင် မသောက်ကြရတော့ဘူး” ဟု သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့နယ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ တိုက်ပွဲအတွင်း ပြည်သူထောင်နှင့်ချီ ပိတ်မိနေပြီး လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်တံတားလည်း ဖောက်ခွဲ ဖျက် ဆီး ခံရခြင်းကြောင့် ယခုအချိန်ထိ သိန္နီမြို့တွင်းသို့ အဝင်အထွက် ပြုလုပ်နိုင်ခြင်း မရှိသေးဘဲ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် အထိနာသဖြင့် လေကြောင်းပစ်ကူနှင့်အတူ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် နောင်ချိုဒေသခံ ၁၀၀၀ ကျော်သည် သပြေတိုး၊ မြေစာကုန်းနှင့် သဖန်းကိုင်း ဘုန်းကြီးကျောင်းတို့တွင် စစ်ဘေးရှောင် ခိုလှုံနေကြရသည်ဟု သိရပြီး ကျောက်မဲမြို့နယ် နောင်ပိန်တိုက် နယ်ရှိ စစ်ဘေးရှောင်စခန်း ၂ ခုတွင်လည်း စစ်ဘေးရှောင် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသတွင်လည်း ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လတ် တလောတွင် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေကြောင်း တအာင်းအမျိုးသမီးအဖွဲ့ (TWO)က သတင်း ထုတ်ပြန်ထားသည်။

ချင်းရွှေဟော်မြို့တွင်လည်း ပြည်သူ ၁၀၀၀ ကျော်က မြို့အတွင်း ပိတ်မိနေပြီး ကယ်ဆယ်ရေးစခန်းတွင် တဲ ထိုးနေရကာ ‌စောင်၊ အိပ်ရာခင်းနှင့် စားနပ်ရိက္ခာတို့ လိုအပ်နေကြသည်။

ချင်းရွှေဟော်မြို့၏ အရှေ့တောင်ဘက်ခြမ်းရှိ “ဝ”နယ်မြေတစ်ခုဖြစ်သည့် နမ့်တစ်မြို့တွင်လည်း ချင်း‌ရွှေ ဟော်၊ လောက်ကိုင်မြို့တို့မှ စစ်ဘေးရှောင် ဒေသခံ ၅၀၀၀ ကျော်ကို ကူညီပေးထားသည်ဟု “ဝ” ပြည် သွေး စည်းညီညွတ်ရေးပါတီ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက ပြောသည်။

သျှမ်းပြည် မြောက်ပိုင်းရှိ မြို့ကြီးများတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက် လက် ပြင်းထန်နေပြီး စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကာ တစ်မြို့နှင့်တစ်မြို့ ကူးသန်းသွားလာ၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေသည်။

Most read this week

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...