တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ညအချိန် ခရီးသွားလာ ခြင်းမပြုကြရန် တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့က အသိပေးချက်ထုတ်ပြန် ထားသည်။

တနင်္သာရီမြို့နယ်အတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့များ ထုတ်ပြန်ထားသည့် စစ်ရေးဆိုင်ရာ အသိပေးချက် များ အတိုင်း ခရီးသွားပြည်သူများအားလုံး ပြည်ထောင်စုလမ်းပေါ်တွင် ညအချိန် ခရီးသွားလာခြင်း အပြင် စစ်ကောင်စီနှင့် နီးကပ်စွာနေထိုင်ခြင်း၊ သွားလာခြင်းမပြုကြရန်နှင့် နေ့အချိန် ကားဖြင့်သွားလာပါက ကားမှန်ချ ပြီး ခရီးသွားလာကြပါရန် အသိပေးချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုလမ်းမပေါ်တွင် ဂိတ်ဖွင့်စစ်ဆေးနေသော စစ်ကောင်စီဂိတ်အား ကာကွယ်ရေးတပ်ဖွဲ့များမှ စစ်ရေး အရှိန်မြှင့်သည့်အနေဖြင့် သွားရောက်တိုက်ခိုက်ပြီးနောက်တွင် ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် စစ်ရေးတင်းမာမှု မကြာခဏဖြစ်ပွားနေပြီး  အောက် တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီဂိတ်စခန်းတခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်း အဖွဲ့မှ သွား ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးခဲ့သည်။

တနင်္သာရီမြို့နယ် တမုတ်ကျေးချုံရွာ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ဂိတ်ချ စစ် ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို တနင်္သာရီတိုင်းစစ်ဌာန၊ စစ်ဆင်ရေးဌာန၏ လက်ရုံးတပ်ဖွဲ့ (Dragon Squad)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း-၂ ၊ တပ်ခွဲ ၁ ၊ ၂ နှင့် တနင်္သာရီ မြို့နယ် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်း- ပြည်သူ့ ကာကွယ် ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

“အဲဒီဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀ ဦး နီးပါး ပုံမှန်ရှိတယ်လို့သိရတယ်။ သူတို့က နေ့တိုင်း နီးပါး လက်နက်ကြီးတွေနဲ့ရမ်းသန်ပစ်ခတ်နေတာကြောင့် အရပ်သားတွေထိခိုက်နေလို့ စစ်ရေးအရှိန်မြှင့် တဲ့အနေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု တနင်္သာရီတိုင်း-ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ကိုစတားက ပြောသည်။

အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ကြာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။

“ဒီဂိတ်ကို ပူးပေါင်းအဖွဲ့က တိုက်ခိုက်တာ လေးကြိမ်ရှိပါပြီ၊ ဝေဟင်ကနေ ဒရုန်းနဲ့တိုက်ခိုက်တာ နှစ်ကြိမ် ရှိ တယ်” ဟု ကိုစတားက ဆိုသည်။

ယင်းကဲ့သို့ မကြာခဏတိုက်ခိုက်ခံနေရအတွက် စစ်ကောင်စီတပ်က မြို့အဝင်အထွက်နေရာများကို ယခင်က ထက် လုံခြုံရေးတိုးမြှင့်ချထားပြီး စစ်ဆေးမှုများတင်းကြပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များက ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။

ထို့ပြင် လက်နက်ကြီးဖြင့် အမြဲပစ်ခတ်ခံရသော ဘန်လော၊ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ တမုတ် ချုံးနှင့် ဘန်းလမွတ် စသည့်ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာ ၁၇ ရွာခန့်မှ ဒေသခံ ၈,ဝဝဝ ခန့် ထွက် ပြေးတိမ်း ရှောင်ခဲ့ရပြီး အချို့မှာ အနီးအနားရှိကျေးရွာများတွင် တိမ်းရှောင်နေရဆဲ ဖြစ်သည်။

စက်တင်ဘာလ နောက်ဆုံးပတ်အထိ တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၃,၇၀၀ ကျော် ကျန်ရှိနေဆဲ ဖြစ် ကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ အောက်တိုဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...