Published
Wednesday, September 27, 2023
လူသားချင်းစာနာမှုဆိုင်ရာဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တိုးလာ၍ စစ်ရှောင်တွေအကူအညီရရှိဖို့အဟန့်အတားဖြစ်
- လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်ရရှိဖို့ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီဘက်က ကန့်သတ်ချက်တွေတိုးလာတဲ့အတွက် စစ်ရှောင်တွေအကူအညီရရှိဖို့ အဟန့်အတားဖြစ်နေပါတယ်။
- ကေအိုင်စီ-ကရင်သတင်းဌာနရဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ထိုင်း-မြန်မာနယ်စပ် ဆာသူးလေကျောင်းမှာ အခမ်းအနားအစီအစဉ်နဲ့ အွန်လိုင်းအစီအစဉ် နှစ်မျိုးစလုံး ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
- ကေအဲန်ယူ တပ်မဟာ ၄ နယ်မြေမှာ ပြီးခဲ့တဲ့ ၈ လအတွင်း ဗိုလ်မှူးချုပ် စောလေးမူက တပ်မဟာမှူးအနေနဲ့ သွားရောက်တာဝန်ထမ်းဆောင်နေစဉ် ကြုံတွေ့နေရတဲ့ KNLA နဲ့ KTLA အကြား နှစ်ဖက်တင်းမာမှု အခြေအနေတွေနဲ့ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားပါတယ်။